တနင်္သာရီတိုင်း NLD ရုံး ဗုံးခွဲခံရ၊ အဆောက်အဦတစ်ခုလုံး ပြိုကျပျက်စီး

0
292

ထားဝယ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တနင်္သာရီတိုင်းရုံးသည် အောက်တိုဘာလ ၂၁ ရက် နံနက်စောစောတွင် ဗုံးခွဲခံရပြီး အဆောက်အဦတစ်ခုလုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကရပ်ပြင်မြောက်ရပ်ကွက်ရှိ NLD ပါတီ တိုင်းရုံးသည် ယနေ့နံနက် ၂ နာရီခွဲဝန်းကျင်တွင် ဖောက်ခွဲဖျက်ဆီးခံရပြီး ပေါက်ကွဲမှု ပြင်းထန်ကြောင်း အဆိုပါရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

“(ဗုံး) အသံကတော့ မြေပါတုန်တယ်” ဟု အဆိုပါ ရပ်ကွက်နေသူက ပြောသည်။

ယမန်နေ့ကလည်း မြိတ်မြို့ရှိ NLD ပါတီ ခရိုင်နှင့်မြို့နယ်ရုံးစိုက်ရာ အဆောက်အဦလည်း ဗုံးဖောက်ခွဲခံခဲ့ရသည်။