မွန်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသား ၂၅ ဦး အပါအဝင် ဖမ်းခံရသူ ၂၀၀ ကျော် ပြန်လွတ်

0
184

မွန်ပြည်နယ်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားကျောင်းသူ ၂၅ ဦး အပါအဝင် ဖမ်းဆီးခံထားရသူ ၂၀၀ ကျော် ပြန်လွတ်လာကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် မွန်ပြည်နယ်တွင် ဖမ်းဆီးခံထားရ ၄၀၀ ကျော်ရှိသည့်အနက် ၂၀၀ ကျော်ကို အောက်တိုဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ နှစ်ရက်အတွင်း ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ပြန်လွတ်လာသူများသည် အာဏာသိမ်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရပြီး ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၀ ဦးကျော်နှင့် အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ် အကျဉ်းဦးစီးဌာနထံမှ သိရသည်။

“ဖမ်းခံထားရတာက မော်လမြိုင်တက္ကသိုလ်ကပဲ ၄၀ နီးပါးရှိနေတယ်၊ အခု ၂၅ ဦးပဲ ပြန်လွတ်လာသေးတယ်” ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ပြန်လွတ်လာသူများတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ သပိတ်ဦးဆောင်သူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ အာဏာသိမ်းဆန့်ကျင်မှုတွင် တက်ကြွပါဝင်သူများနှင့် The Voice of Thanbyuzayart သတင်းထောက် ကိုထက်မြက်လည်း ပါဝင်သည်။

ဆန္ဒပြရာတွင် ပါဝင်သည့်အတွက် ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၄၀၀၀ ကျော်နှင့် အမိန့်ချမှတ်ခံရထားရသူ ၁၃၀၀ ကျော်အား အမှုပိတ်သိမ်းခြင်း၊ လွတ်ငြိမ်းခွင့်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။