မွန်ပြည်နယ်က အထင်ကရ ဘုရာပွဲတော်များ ကျင်းပမည်

0
657

မွန်ပြည်နယ်အတွင်း သီတင်းကျွတ်ကာလ နှစ်စဉ်နှစ် ကျင်းပလေ့ရှိသည့် အထင်ကရ ဘုရားပွဲတော်များဖြစ်သည့် ကျိုက်ထီးရိုးဘုရာနှင့် ကျိုက်ခမီဘုရားပွဲတော်ကို ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရာဂေါပကအဖွဲ့တို့ထံမှ သိရသည်။

ကိုဗစ်ကူးစက်ရောဂါကြောင့် ယမန်နှစ်က အထင်ကရ ကျိုက်ထီးရိုးဘုရားပွဲနှင့် ကျိုက္ခမီရေလယ်ဘုရားပွဲတော် ကျင်းပခဲ့ခြင်းမရှိသော်လည်း ယခုနှစ်တွင် ကျင်းပသွားရန် ရှိကြောင်း ဘုရာဂေါပကအဖွဲ့တို့ထံမှ သိရသည်။

ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။

“ဒီနှစ် ဘုရားပွဲကို ကျင်းပနေကြ သီတင်းကျွတ်လပြည့်နေ့မှာ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ကျိုက်ထီးရိုးဘုရာဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယမန်နှစ်က ကိုဗစ်ကူးစက်ရောဂါကြောင့် ကျိုက်ထီးဘုရားပွဲတော် ကျင်းပခြင်းမရှိခဲ့သည့်အပြင် ဘုရားဖူးခြင်းကိုလည်း ကန့်သတ်ချက်ဖြင့် ခွင့်ပြုခဲ့သည်။

ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် သိန်းနှင့်ချီ လာရောက်လေ့ရှိပြီး အထူးသဖြင့် ဘုရားပွဲတော်စသည့် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူသောင်းနှင့်ချီ လာရောက်လေ့ရှိသည်ဟုလည်း ဂေါပကအဖွဲ့တို့ထံမှ သိရသည်။

ကျိုက်ထီးရိုးဘုရားကဲ့သို့ ပြည်တွင်းပြည်ပ ဘုရားဖူးများလာရောက်လေ့ရှိသည့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျိုက္ခမီရေလယ်ဘုရားပွဲကိုတော်လည်း ကိုဗစ်ကူးစက်ရောဂါကြောင့် ယမန်နှစ်က ကျင်းပခဲ့ခြင်းမရှိပေ။

သီတင်းကျွတ်လဆန်း ၉ ရက်နေ့မှ လပြည့်ကျော် ၅ ရက်နေ့အထိ စည်ကားစွာ ကျင်းပလေ့ရှိသည့် ကျိုက္ခမီရေလယ်ဘုရားပွဲတော်ကို ယခုနှစ်တွင် ပျော်ပွဲရွှင်ပွဲမပါဘဲ ကျင်းပသွားမည်ဟု ကျိုက်ခမီဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်ကာလတွင် အထင်ကရ ဘုရာပွဲတော်များ ကျင်းပလေ့ရှိသည့်အပြင် ရပ်ကွက်အလိုက် ဘုရားပွဲများနှင့် ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပလေ့ရှိသော်လည်း ကိုဗစ်ကူးစက်ရောကြောင့် ပွဲတော်ကျင်းပခြင်း ရပ်နားထားခဲ့ရသည်။