မောတောင် နှစ်ရက်အတွင်း မြန်မာအလုပ်သမား ၆၀ ဦးကျော် အဖမ်းခံရ

0
302
ဓာတ်ပုံ - ထိုင်းတပ်မတော်

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်၊ ပရာကျွတ်ခီရီခန်ခရိုင်တွင် နှစ်ရက်အတွင်း မြန်မာအလုပ်သမား ၆၀ ဦးကျော်အား ထိုင်းဘက်မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နယ်စပ်မှတစ်ဆင့် ထိုင်းဘက်သို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်း အလုပ်သမားတို့နှင့် ‌ဦးစီးခေါ်ဆောင်လာသူတစ်ဦးအပါအဝင် ၃၄ ဦးတို့ကို အောက်တိုဘာလ ၃ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ၄ ရက်နေ့တွင် ၂၅ ဦးအား ထပ်မံဖမ်းမိခဲ့ကြောင်း ထိုင်းနိုင်ငံ၏ တပ်ဘက်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နာ Facebook page တစ်ခုတွင် ရေးသားဖေါ်ပြထားသည်။

ဖမ်းဆီးမိသူများအနက် တနင်္သာရီတိုင်း‌ဒေသကြီးအတွင်းနေသူများလည်း ပါဝင်ကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ဘေးတို့ ရင်ဆိုင်နေရသည့်အချိန် မြန်မာစီးပွားရေး ကျဆင်းပြီး အလုပ်အကိုင်လိုအပ်ချက်များလာသဖြင့် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှု ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဓာတ်ပုံ – ထိုင်းတပ်မတော်