ရေဖြူ အုန်းပင်ကွင်းတွင် သားအမိနှစ်ဦး အဖမ်းခံရ

0
300
အုန်းပင်ကွင်းရွာနေ မနီလာအေ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသအနီး အုန်းပင်ကွင်းရွာနေ မနီလာအေး နှင့် မိခင်ဖြစ်သူတို့ စက်တင်ဘာလ ၂၂ ရက် ညသန်းခေါင်အချိန်တွင် အဖမ်းခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။

မနီလာအေးသည် နေအိမ်တွင်မနေဘဲ တိမ်းရှောင်နေရာမှ အုန်းပင်ကွင်းရွာရှိ ဥယျာဉ်ခြံတစ်ခုအတွင်း အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဘာဖြစ်လို့ဖမ်းသွားတယ်ဆိုတာတော့ သေချာမသိသေးဘူ” ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံရသည့်အကြောင်း အသေအချာမသိရသေးသော်လည်း မနီလာအေး၏ လူမူကွန်ယက်ပေါ်တွင် ရေးသားထားသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။

မနီလာအေးတို့အား ကံပေါက်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ မိခင်ဖြစ်သူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိပြီဖြစ်သည်။