တနင်္သာရီမြို့ ချောင်းကြီးကျောင်းတိုက် ဆရာတော် ကိုဗစ်ရောဂါဖြင့် ပျံလွန်

0
383

မြိတ်ခရိုင်၊ တနင်္သာရီမြို့ ချောင်းကြီးကျောင်းတိုက်၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တအရှင်ပညာဒီပမထေရ်သည် ကိုဗစ်ရောဂါဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

သက်တော် ၁၀၃ နှစ်၊ ဝါတော် ၈၃ ဝါရှိ ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒီသည် ဖျားနာရာမှ ကိုဗစ်ရောဂါ စစ်ဆေး တွေ့ရှိခဲ့သဖြင့် မြိတ်မြို့ တပ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်၏ တပည့်တစ်ဦးထံမှ သိရသည်။

ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ ရုပ်ကလပ်အား အန္တိမဈာပန ပြုလုပ်ရန် တနင်္သာရီမြို့သို့ ပြန်လည်ပင့်ဆောင်နေကြောင်း သိရသည်။

ဆရာတော်သည် တနင်္သာရီတစ်မြို့လုံးအပါအဝင် ရပ်ဝေးရပ်နီးတို့ရှိ တပည့် တကာ၊ တကာမတို့၏ ကိုးကွယ်ကြည်ညိုမှုခံယူထားရသည့် ဆရာတော်တစ်ပါးဖြစ်သည်။