နဘုလယ် ကျွဲမင်းခြေရာ ရေထွက်ဟုဆိုကာ ရေလာခပ်သူများပြား

0
2525

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ စက္ကပါလ ကျွဲမင်းရုပ်တု၏ လက်မှ တစ်ဆင့် ရေထွက်နေသည်ဟုဆိုကာ လာရောက်ခပ်ယူသူများနေကြောင်း ဒေသခံများထံမှသိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ယင်းကျွဲမင်းရုပ်တု၏ ရှေ့လက်နှစ်ချောင်း၏ ညဖက်လက်ကနေ ရေထွက်တာ တွေ့ရပြီးနောက် ဒေသခံများသည် ပလတ်စတစ်ဘူးများဖြင့် ရေယူရန် ရောက်လာကြသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ရေကတော့ တစ်နာရီ ခြောက်ဘူးလောက် ထွက်တယ်။ လူတွေက သတင်းကြားတာနဲ့ အများကြီးပဲ ရောက်လာတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါကျွဲမင်းခြေရာသည် ရေဖြူမြို့နယ် ပရဒတ်ကျေးရွာတွင် တည်ရှိပြီး ထားဝယ်မြို့မှ မိုင် ၂၀ ကျော် ခန့် ကွာဝေးသည်။

နဘုလယ်ဒေသ ခြေတော်ရာဘုရားနှင့် ကျွဲမင်းရုပ်တုတို့မှာ ထားဝယ်ဒေသတွင် ထင်ရှားသည်။