မြိတ်တွင် ဈေး အလုအယက်ဝယ်

0
219

အမျိုးသားညီညွတ်ရေး အစိုးရက အရေးပေါ်ကြေညာလိုက်ပြီးနောက် မြိတ်ရှိဈေးများနှင့် ဆန်ဆိုင်၊ ကုန်ခြောက်ဆိုင်များတွင် အလုအယက် ဝယ်ယူလျက်ရှိသည်။


စက်တင်ဘာ ၇ ရက်နေ့တွင် ကြေငြာခဲ့ပြီးနောက် နံက် ၉ နာရီခန့်မှစတင်ကာ နေ့လယ် ၁၂ နာရီအထိ ဈေးများတွင် တိုးဝှေ့ဝယ်ယူခဲ့ကြကြောင်း မြို့ခံတို့ကဆိုသည်။


“ဒီပစ္စည်းဘယ်ဈေးလည်း မေးတာ ရောင်းသူက ပြန်တောင် မဖြေနိုင်တော့ဘူး” ဟု အသက် ၄၀ ကျော်ရှိ အမျိုးသမီး ကပြောသည်။


တိုးဝှေ့ဝယ်ယူမှုကြောင့် ဆန်နှင့်ဆီအပါအဝင် ခြေခံစားသောက်ကုန်အချို့လည်း အနည်းငယ်ဈေးတက်သွားသည်ဟု ၎င်းကဆိုသည်။


စက်တင်ဘာလဆန်းမှ စပြီး မြိတ်မြို့ပေါ်ရှိလမ်းများတွင် လူအသွားအလာ နည်းပါးနေခဲ့ပြီး ယနေ့နံက်ပိုင်းတွင် အသွားအလာများပြားခဲ့သည်။