ပုလောတွင် ဗုံးပေါက်ကွဲ

0
238
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

သြဂုတ်လ ၁၀ ရက်ည ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

“ဗုံးကွဲတာက နှစ်နေရာပေါ့ သုံးလုံးကွဲတယ် အသံကအကျယ်ကြီးပဲ။ ရွာထဲက အိမ်တစ်လုံးနဲ့ ရွာစွန်ကအိမ်တစ်လုံးမှာ ပေါက်ကွဲခဲ့တာ”ဟု ဒေသခံရွာသားတစ်ဉီးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့်နေအိမ်တစ်လုံးပျက်စီးကာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးမျိုးသက်၏ အိမ်သားတစ်ဉီး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါရွာသားကပြောပြသည်။

အဆိုပါဗုံးပေါက်ကွဲမှုအား မည်သည့်အဖွဲ့မှ လာရောက်ဖောက်ခွဲခဲ့သည်ကို မသိရသော်လည်း ယင်းပေါက်ကွဲမှုဖြစ်ပွားပြီး နောက်တစ်ရက်တွင် ပဝတ်ကုန်းရွာသားတစ်ဦးအား ရဲနှင့်စစ်သားများမှ လာရောက်ခေါ်ဆောင် သွားကြောင်း ရွာသားများက ပြောသည်။

အဖမ်းခံရသူမှာ ရှစ်လေးလုံး အရေးအခင်းနောက်ပိုင်းတွင် လွတ်မြောက်နယ်မြေသို့ သွားရောက်ခဲ့ဖူးပြီး ယခုအခါ ပန်းပဲလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း ရွာသားများထံမှသိရသည်။

ပဝတ်ကုန်းကျေးရွာသည် ထားဝယ်-မြိတ် လမ်းပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ နီးပါးရှိကာ အများစုမှာ ရော်ဘာနှင့် ဥယျာဉ်ခြံမြေလုပ်သူများဖြစ်သည်။