လူမဲ့ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်း တနင်္သာရီတိုင်းရေပြင်တွင် မျောနေ

0
139

လူမဲ့ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်း တနင်္သာရီတိုင်း ရေပြင်တွင် ရေစီးအတိုင်းမျောပါနေကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဗီယက်နမ်နိုင်ငံ ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်သည့် အဆိုပါသင်္ဘောကြီးသည် တနင်္သာရီတိုင်းရေပြင်ရှိ ဇာဒက်ကြီးကျွန်း၏ အနောက်ဘက်ရေမိုင်၉၀ ခန့်အကွာတွင် မျောနေကြောင်း သြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

စင်ကာပူနိုင်ငံမှ ဘင်္ဂလားဒေ့ရ်နိုင်ငံသို့ ထွက်ခွာလာသည့် အဆိုပါသင်္ဘောသည် ဇာဒက်ကြီးကျွန်းအနီးရောက်ချိန်တွင် ဘင်္ဘောထဲသို့ရေဝင်လာသဖြင့် သြဂုတ်လ ၁ ရက် ညတွင် သင်္ဘောဝန်ထမ်းများက စွန့်ခွာသွားကြောင်း ဖော်ပြထားသည်။

အဆိုပါသင်္ဘောသည် ရေမိုင် ၂ မိုင်နှုန်းရွေ့လျားနေသည့်အတွက် သင်္ဘောမှမိုင် ၄၀ အတွင်းရှိ ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။