တကူကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်အနီး ပေါက်ကွဲမှုဖြစ်

0
150
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီမြို့နယ် တကူကျေးအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာသားများ ထံမှသိရသည်။

တကူကျေးရွာအုပ်စု သံတိုက်ကျေးရွာတွင်ရှိသည့် တပ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဉီးကျော်ငွေ၏ နေအိမ်အနီးတွင် ဇူလိုင်လ ၂၈ ရက် ည ၈ နာရီကျော်က ပေါက်ကွဲခဲ့ကြောင်း ကျေးရွာသားအချို့က ဆိုသည်။

“အသံက တော်တော်ကျယ်တယ်။ နှစ်လုံးပေါက်ကွဲတာကြားရတယ်။ ပဲ့တင်သံနဲ့ဆို သုံးလုံးလို ဖြစ်နေတာပေါ့” ဟု သံတိုက်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရပြီး မည်သည့်အဖွဲ့က ဖောက်ခွဲသည်ကိုလည်း မသိရကြောင်း ဒေသခံ အချို့က ဆိုသည်။

“ခုထိတော့ လာပြီးစစ်ဆေးတာ မတွေ့ရသေးဘူး” ဟု အထက်ပါရွာသားက ဇူလိုင်လ ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပြောသည်။

အဆိုပါ သံတိုက်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အများစုမှာ ဥယျာဉ်ခြံစိုက်ပျိုးကြသည်။

ယင်းဒေသသည် ယခင် NLD အစိုးရ တနင်္သာရီတိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဖြစ်သူ ဦးအောင်သူရ ၏ ဇာတိဒေသလည်း ဖြစ်သည်။