ဂျလန်းကျွန်းဆရာတော် ကိုဗစ်ဖြင့် ပျံလွန်တော်မူ

0
349

ဆလုံသာသနာပြုဆရာတော်တစ်ပါးဖြစ်သည့် ဂျလန်းကျွန်းဆရာတော်သည် ကိုဗစ်ရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ ဒကာများထံမှ သိရသည်။

ဆလုံတိုင်းရင်းသားများအား သာသနာပြုတရားဟောနေသည့် အရှင်ကုသလဇောတိသည် ၎င်းဇာတိဖြစ်သည့် မန္တလေးတိုင်းရှိ သာစည်အထူးကုဆေးရုံတွင် ဇူလိူင်လ ၂၁ ရက် နံနက် ၁၁ နာရီခွဲခန့်က ပျံလွန်သွားကြောင်း ဒကာများကပြောသည်။

“ဒီမနက်ကပဲ သူ့မွေးရပ် သာစည်မှာ ပျံလွန်သွားတာပါ”ဟု မြိတ်မြို့နေ ဒကာတစ်ဦးက ဆိုသည်။

ဆရာတော်သည် ဇူလိုင်လ ၅ ရက်နေ့တွင် စတင်ဖျားနာခဲ့ရာမှ ကိုဗစ်ရောဂါပိုးကူးစက်ခံရကြောင်း သိရသည်။

ပျံလွန်ချိန်တွင် ဆရာတော်၏ သက်တော်မှာ ၄၅ နှစ်၊ ဝါတော်မှာ ၂၅ နှစ်ရှိပြီဖြစ်သည်။

၎င်းသည် တနင်္သာရီတိုင်းအတွင်း လူအများကြည်ညိုခံရသည့် ဆရာတော်တစ်ပါးလည်း ဖြစ်သည်။