မြိတ်တွင် ကိုဗစ်ဖြင့် သေဆုံးသူတစ်ဦးထပ်တိုး

0
158

မြိတ်မြို့တွင် ကိုဗစ်နိုင်တီးရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးခဲ့ကြောင်း သိရသည်။

မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသဆောင်တွင် အောင်မင်္ဂလာရပ်ကွက်နေ အသက် ခြောက်ဆယ်သုံးနှစ်ရှိ အမျိုးသားတစ်ဦးမှာ ရောဂါအခံဖြင့် ဇူလှိုင်လ ၁၀ ရက်နေ့က သေဆုံးခဲ့ကြောင်း မြိတ်မြို့ Covid-19 ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့မှ သိရသည်။

မြိတ်တွင် အသက် ၇၀ ကျော်ရှိ အမျိုးသားတစ်ဦး၊ အသက် ၇၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက် ၆၃ နှစ်ရှိ အမျိုးသားတစ်ဦးတို့ ဇွန်လအတွင်း ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့ပြီးဖြစ်သည်။

သေဆုံးသူတို့မှာ ရောဂါအခံရှိနေကြသူများဖြစ်ကြကြောင်း မြိတ်မြို့ Covid-19 ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့မှ သိရသည်။မြိတ်တွင် နေ့တိုင်းနီးပါး ကိုဗစ်ပိုးတွေ့ရှိနေပြီး ဇူလှိုင်လ ၁၀ ရက်နေ့က ပိုးတွေ့သူ ၂၂ ဦးရှိကြောင်း သိရသည်။