မြိတ်တွင် အမျိုးသမီးငယ်နှစ်ဉီး အဖမ်းခံရ

0
363

စစ်လက်နက်ပြင်ဆင်ချထားသည်ကို ဓါတ်ပုံရိုက်ကာ လူမှုကွန်ရက် ဖေ့စဘွတ်ပေါ်တင်ခဲ့သည်ဆိုကာ အမျိုးသမီးငယ်နှစ်ဉီး အဖမ်းခံခဲ့ရကြောင်း ကျွဲကူး ရွာသားများ ထံမှသိရသည်။

မြိတ်မြို့အဝင် နေရာတစ်ချို့တွင် စစ်လက်နက်ချထားသည်ကို ဓါတ်ပုံရိုက်၍ အမျိုးသမီးငယ်နှစ်ဉီးက ဇူလိုင်လ ၃ ရက်နေ့တွင် Facebook ပေါ်တင်ခဲ့ပြီးနောက် ည ၁ နာရီအချိန်တွင် ကျွဲကူးကျေးရွာ သုဝဏ္ဏရပ်ကွက်သို့ ရဲနှင့် တပ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ရပ်ကွက်သားများကပြောသည်။

“ဒီကောင်မလေးနှစ်ယောက်က လူမှုကွန်ရက်ပေါ် တစ်ကယ်တင်သလား မတင်ဘူးလားဆိုတာတော့ အတိအကျမသိဘူး” အဆိုပါရပ်ကွက်သား ကပြောသည်။

အဖမ်းခံရသည့် မအေးမြတ်မွန်နှင့် မဇင်မာဖြိုးတို့နှစ်ဉီးစလုံးသည် တက္ကသိုလ်ကျောင်းသူများဖြစ်ကြပြီး ကျွဲကူးကျေးရွာတွင် နေထိုင်ကြသည်။

အမျိုးသမီးငယ်နှစ်ဉီး အဖမ်းခံရမှု အခြေအနေနှင့် ပတ်သက်ပြီး မိသားစုဝင်များနှင့် ဆက်သွယ်ရန် ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

ကျွဲကူးကျေးရွာသည် မြိတ်မြို့နှင့်ရန်ကုန်-ထားဝယ် သွားသည့် ပြည်ထောင်စုလမ်းမကြီးဖြစ်သော ကျွဲကူးတံတား နံဘေးတွင် တည်ရှိသည်။