ထားဝယ်-မြိတ်လမ်း ဘုတ်တောင်အနီး ပစ်ခတ်မှုဖြစ်

0
186
Dawei Watch, Dawei News, Dawei News Media

ထားဝယ်- မြိတ် ကားလမ်းတစ်နေရာဖြစ်သည့် ဘုတ်တောင်အနီးနားတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်မှူဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့နှင့် ယာဉ်မောင်းအချို့ထံမှသိရသည်။

ယင်းပစ်ခတ်မှုကြောင့် ဘုတ်တောင်ကိုဖြတ်မည့် ကုန်တင်ကားနှင့် ခရီသည်တင်ကားများ ပိတ်မိခဲ့ကြောင်း ကားသမားတစ်ဦးကပြောသည်။

“သေနတ်သံတွေတော့ ကြားနေရတယ်။ ဘယ်သူနဲ့ ဘယ်သူနဲ့ ပစ်မှန်းတော့မသိဘူး” ဟု ဘုတ်တောင် တောင်အနီးတွင် နေထိုင်သူတစ်ဦးကဆိုသည်။

နေ့လယ် ၁၂ နာရီ နောက်ဆုံးမေးမြန်းချက်အရ ပိတ်မိနေသည့်ကားတစ်စီး၊ နှစ်စီးခန့် ဘုတ်တောင်ကို ဖြတ်နေကြပြီး အချို့ကားများ မဖြတ်ရဲသဖြင့် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

ဘုတ်တောင်သည် သရက်ချောင်းမြို့နယ် ကတွဲကျေးရွာနှင့် ဆိပ်ချောင်းကျေးရွာအကြားတွင် တည်ရှိသည်။