ဖမ်းဆီးခံထားရသည့် ကောင်းမှုနှင့် မော်ငန်းရွာသားနှစ်ဦး ပြန်မလွတ်သေး

0
147

ဖမ်းဆီးခံထားရသည့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကောင်းမှုကျေးရွာသား အသက် ၂၈ နှစ်အရွယ် ကိုမောင်မောင်နှင့် မော်ငန်းကျေးရွာသား အသက် ၂၇ ခန့်အရွယ် ကိုသားကြီးတို့နှစ်ဦး ပြန်လွတ်လာခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့နှစ်ဦးအား ဇွန်လ ၈ ရက် နံနက် ၄ နာရီခန့်တွင် စစ်သားဆယ်ဦးခန့်က ဧည့်စာရင်းစစ်မည်ဟုဆိုကာ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကိုမောင်မောင်၏ ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။

“သတင်းပေးတဲ့သူက လက်နက်တွေရှိနေတယ်ဆိုပြီးသတင်းပေးလိုက်လို့ ဖမ်းတယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူနှစ်ဦးအား မောရဝတီရေတပ်တွင် ထိန်းသိမ်းထားပြီး ၎င်းတို့နှစ်ဦး၏ လက်ကိုင်ဖုန်းများကို စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဇွန်လ ၉ ရက် ညနေ ၂ နာရီခန့်တွင်ပြောသည်။

ပုံစာ- ဖမ်းဆီးခံထားရသည့် ကောင်းမှုရွာသား ကိုမောင်‌‌မောင်