တနင်္သာရီတိုင်းတွင် ၂၄ နာရီအတွင်း ကိုဗစ်ပိုးတွေ့သူ ၇ ဦးရှိ

0
169

တနင်္သာရီတိုင်းတွင်၂၄ နာရီအတွင်း ကိုဗစ်ရောဂါပိုးတွေ့သူ ၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇွန်လ ၄ ရက် ည ၈ နာရီမှ ဇွန်လ ၅ ရက် ညအထိ ကိုဗစ်ပိုးတွေ့သူ အရေအတွက်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထားဝယ်မြို့နယ်တွင် ၃ ဦး၊ သရက်ချောင်းတွင် ၂ ဦး၊ တနင်္သာရီနှင့် ကော့သောင်းမြို့နယ်တို့တွင် ၁ ဦးစီ ဖြစ်ကြောင်း ဖော်ပြထားသည်။

ထားဝယ်နှင့် သရက်ချောင်းမြို့နယ်မှ ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးကို သီတဂူဆေးရုံတွင် ကုသပေးနေကြောင်း ယင်းဆေးရုံတွင် ကူညီပေးနေသည့် ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။

“အရပ်သား(ကိုဗစ်လူနာ) ဆိုရင် သီတဂူဆေးရုံကိုလာတယ်၊ အချုပ်သားဆိုရင် ဆေးရုံမှာထားတယ်”ဟု မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးက ပြောသည်။

လက်ရှိတွင် သီတဂူဆေးရုံ၌ ကိုဗစ်လူနာ ၁၃ ဦး ဆေးကုသနေကြောင်း သိရသည်။

ထားဝယ်မြို့ရှိ သီတဂူဆေးရုံအား ပြီးခဲ့သည့်နှစ်က တွေ့ရစဉ်။