တလိုင်းတောင် မူလွန် ကျောင်းအုပ် အဖမ်းခံရ

0
212

ထားဝယ်မြို့နယ် တလိုင်းတောင်ကျေးရွာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ခရေစုမြတ်ကျော် ကို ယမန်နေ့ညက ဖမ်းဆီးသွားကြောင်း မိသားစုဝင် တစ်ဦးထံမှ သိရသည်။

ယမန်နေ့ ညနေ ၇ နာရီ ခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်ဖြင့် ထားဝယ်မြို့ ဗျောတောဝ ရပ်ကွက်ရှိ နေအိမ်သို့ လာရောက်၍ စစ်ဆေးမေးမြန်းစရာရှိသည်ဟု ဆိုကာ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

“ဒုတိယ ရဲမှူးကြီး က ပြောတယ်။ စစ်ဆေးမေးမြန်းစရာရှိလို့ပါ စိတ်မပူပါနဲ့တဲ့”ဟု ၎င်းက ဆိုသည်။

ဒေါ်ခရေစုမြတ်ကျော် သည် ၂၀၁၀ ပညာသင်နှစ်တွင် လောင်းလုံးမြို့နယ် နခံတောကျေးရွာ မူလတန်းကျောင်းတွင် မူလတန်းပြအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဖောင်းတော၊ ဓမင်းဆိပ်တွင် အလယ်တန်းပြ ဆရာမ အဖြစ် တာဝန်ဆောင်ခဲ့သည်။

၂၀၁၄-၂၀၁၅ ပညာသင်နှင့်မှစ၍ တလိုင်းတောင် မူလတန်းလွန်ကျောင်းတွင် ကျောင်းအုပ်ဆရာမ အဖြစ် စတင်တာဝန်ထမ်းဆောင်လျက်ရှိသည်။