ထားဝယ် ကြက်စားပြင်တွင် အနည်းဆုံး ရှစ်ဦးအဖမ်းခံရ

0
138
Dawei Watch, Dawei News, Dawei News Media

လက်နက်ရှာဖွေသည်ဟုဆိုကာ စစ်တပ်များ ဧပြီလ ၂ ရက် ညနေ ၃ နာရီအချိန်တွင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာပြီး ပြည်သူအချို့ကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ရပ်ကွက်အတွင်း ပန်းရံလုပ်နေသူ ၇ ဦး၊ နေအိမ်တွင်နေထိုင်သူတစ်ဦးတို့ကို ဖမ်းဆီးသွားပြီး NLD ပါတီအလံထောင်ထားသည့်နေအိမ်၊ ခြံစည်းရိုးအချို့ကိုလည်း ဖျက်ဆီးသွားကြောင်း ယင်းရပ်ကွက်တွင်နေထိုင်သူအချို့က ပြောသည်။

“တစ်အိမ်ဝင်၊ တစ်အိမ်ထွက် လိုက်ရှာကြတာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကဆိုသည်။

ထားဝယ်မြို့ရှိ ဝဲကျွန်း၊ ကြက်စားပြင် စသည့်ရပ်ကွက်များ အတွင်းသို့ စစ်တပ်က မကြာခဏဆိုသလို ဝင်ရောက်ပစ်ခတ်၊ ဖမ်းဆီး လေ့ရှိသည်။