မော်လမြိုင် စုပေါင်းသပိတ် ဖြိုခွင်းခံရ

0
239

မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်တွင် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းဆန္ဒထုတ်ဖော်သူတို့ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ဖြိုခွင်းခဲ့ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျည်ထိ ဒဏ်ရာရသူ နှစ်ဦးထက် မနည်းရှိပြီး ဒါဇင်ချီ အဖမ်းခံရတယ်လို့ ရပ်ကွက်နေသူတွေထံကနေ သိရပါတယ်။

နေ့လယ်ပိုင်းခန့်အထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ပိတ်ဆို့ထားဆဲဖြစ်ပြီး ဆန္ဒပြ ပြည်သူတွေ အချို့လည်း ပိတ်မိနေဆဲလို့လည်း သိရပါတယ်။

မော်လမြိုင်မြို့ပေါ်မှာ မြို့အနှံ့ လုံခြုံရေးတင်းကြပ်ထားပြီး လိုက်လံဖြိုခွင်းနေသော်လည်း ကျောင်းသားတွေ လူငယ်တွေနဲ့ ပြည်သူတွေကတော့ ပုံစံမျိုးစုံနဲ့ စစ်အာဏာရှင် ဆန့်ကျင်မှုတွေ နေ့စဉ် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။