မတ်လ ၁ ရက် နံနက် ၉ နာရီခန့် ကတည်းက တိုးချဲ့လမ်း တစ်လျှောက်နှင့် အောင်မင်္ဂလာ လမ်းတစ်လျှောက် တွင် ပြည်သူများက စစ်ကားကြီးများ မဝင်နိုင်အောင် လမ်းကိုအဆင့်ဆင့် ပိတ်ဆို့ထားကြသည်။

ရပ်ကွက်တော်တော်များများ၏ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံတွေကို ကပ်ထားကြပြီး ပြန်ပြီးဆုတ်ဖြဲ လိုက်ခွာထားတာကို တွေ့ရသည်။

နံနက် ၁၀ နာရီခန့်တွင်တော့ စစ်ကား ကြီးဆယ်စီးခန့်နှင့် ရဲနှင့်စစ်သားများ အောင်မင်္ဂလာရပ်ကွက်ရှိ လမ်းတစ် လမ်းတွင် ရောက်ရှိနေကြသည်။

တစ်ဖက်က ရဲနှင့်စစ်တပ် တစ်ဖက်မှာတော့ ရပ်ကွက်နေပြည်သူများက ငြိမ်းချမ်းစွာ ကြွေးကြော် နေသလို ရဲတွေ ကသေနတ်ချိန်ကာ အသင့်အနေအထား။

တစ်နာရီကျော် ကြာပြီးနောက် ရဲနှင့် ဆန္ဒပြသူ အရပ်သားကြားသို့ ဆိုင်ကယ်တစ်စီးဝင်ရောက်လာပြီး ရဲများအား မဖွယ်မရာ လုပ်ပြခဲ့သည်။

ရဲများက ၎င်းအား လေးဂွနှင့် ပစ်ခတ်ခဲ့သည့်အတွက် လူအုပ်ကြီး ကြားသို့ ထိမှန်ခဲ့ပြီး လူအုပ်ကလည်း အုတ်ခဲကျိုးများဖြင့် ပြန်လည်ပစ်ခတ်ရာမှ ရဲများက မျက်ရည်ယိုဗုံးများ ရော်ဘာကျည်ဆံများနှင့် ပစ်ခတ်နှိမ်နှင်းခဲ့သည်။

လူအုပ်ကြီးမှ လမ်းသွယ်များအတွင်း ဝင်ပြေးသည့်အတွက် စစ်တပ်နှင့် ရဲများ ကလိုက်လံနှိမ်နင်းခဲ့ပြီး နေအိမ်တချို့အား ရော်ဘာသေနတ်များဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်အတွင်းဝင်ရောက်ကြသည့်အတွက် အိမ်ရှင်အားရိုက်နှက်ခြင်း၊ အိမ်တွင်းရှိ ဗီရိုမှန်ဖျက်ဆီးခြင်း၊ လမ်းဘေးရပ်နားထားသည့် ဆိုင်ကယ်များကိုလည်း ရိုက်နှက်ခြင်းများပြုလုပ်ခဲ့ ကြပြီး အနည်းဆုံးလူ ၄ ဦးခန့်အား ၎င်းတို့မှ ဖမ်းဆီးခေါ်ဆောင်သွားကြ သည်။

ရော်ဘာကျည်ဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။
သတင်းဌာနတချို့က နေအိမ်အတွင်းသို့ ဝင်ရောက်ကာ လူကိုရိုက်ပြီး ငွေ ၄ သိန်းခန့်၎င်းတို့မှ ယူဆောင်သွား ကြသည်ဟု ထုတ်လွှင့်ရေးသားကြသည်။

အဆိုပါငွေများ မည်သူမည်ဝါယူ ခဲ့သည်ကို တနင်္သာရီဂျာနယ်မှ သီးခြား အတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။

မြိတ်နွေဦးတော်လှန်ရေး

ယင်းနေ့ညတွင်ပင် DVB သတင်း ဌာန၏ မြိတ်အခြေစိုက်သတင်းထောက် ကိုကောင်းမြတ်လှိုင်(ခေါ်) ကိုအောင်ကျော် အား ည ၁၀ နာရီခွဲခန့်တွင် ရဲနှင့်တပ် တို့က သူ၏အိမ်တံခါးများ ချိုးဖျက်ဝင် ရောက်၍ ဖမ်းဆီးသွားခဲ့သည်ဟု ၎င်း ၏မိသားစုဝင်များကပြောသည်။

မတ်လ ၂ ရက်နေ့ ချီတက်လာ သည့် စစ်ကြောင်းကို ရုတ်တရက်မြင် လိုက်တော့ ရဲတပ်ဖွဲ့ကြီး စစ်ချီလာ သလား ထင်ရသည်။ ရှေ့တန်းလူတော် တော်များများတွင် ဒိုင်းတွေကိုင်ဆောင် လာကြပြီး ခေါင်းတွင်ဦးထုတ်တွေ ဆောင်းထားကြသည်။

မျက်နှာတွင်လည်း ဓာတ်ငွေ့ကာ မျက်မှန်များ တပ်ဆင်ထားကြသည်။ လူကနည်းသည်။ စုစုပေါင်း အယောက် သုံးရာခန့်မျှသာရှိသော်လည်း အားလုံးအားကောင်းမောင်းသန် လူငယ်လူရွယ်တွေချည်း။ သပိတ် စစ်ကြောင်းအလယ်တွင် အမျိုးသမီး အနည်းငယ်လည်းလိုက်ပါလာကြသည်။ ဒိုင်းတွေကိုသေချာကြည့်တော့ ဝါလတ်ငါးဖမ်းလှေများတွင် အသုံးပြုသည့် ဝါလတ်ကော်ပုံးကို ထက်ခြမ်းခွဲပြီး ကိုင်းတပ်ကာ လုပ်ထားကြသည်ကို တွေ့ရသည်။

ဒိုင်းများတွင်လည်း ဆေးမှုတ်ကာ PEOPLE (ပြည်သူ) ဟူသော စာတန်းကိုလည်း ရေးသားထားကြသည်။

သပိတ်တပ်က ခပ်ဝေးဝေးမသွားကြ။ မြို့သစ်မှ မြို့ထဲအထိ အမြန်ဆုံး ချီတက်ပြီး လူစုခွဲလိုက်ကြသည်။ ဒီနေ့ အတွင်း ပိတ်ဆို့တားဆီးခြင်း မတွေ့ရ သလို ပစ်ခတ်သံလည်းမကြားရပါ။

မတ်လ ၃ ရက် နံနက် ၆ နာရီ မြိတ် ခရိုင်ရဲရုံးရှေ့တွင် ရပ်ထားသည့် တပ်ကားကြီးတစ်စီး မီးလောင်ကျွမ်းသည်။ မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းသည်ကို တိတိကျကျမသိရ။ တစ်နေ့လုံးတစ်ညလုံး ပတ်မောင်းထားသည့်အတွက် အပူလွန်ကဲပြီး လောင်ကျွမ်းခြင်းဖြစ်သည်ဟု ပြည်သူများက ထင်ကြေးပေးကြသည်။

ကတ္တလမ်းတိုင်းတွင် ကပ်ထားသည့် ဓာတ်ပုံများ မနေ့ကထက် ပိုများ လာသည်။ အားလုံးကိုတော့ လိုက်မခွာ နိုင်ကြတော့။

မြိတ်နွေဦးတော်လှန်ရေး

မတ်လ ၃ ရက်နေ့သပိတ်စစ်ကြောင်းက အရင်နေ့ကထက် လူအဆပေါင်း များစွာပိုလာသည်။

မနေ့ကပုံစံအတိုင်း ဒိုင်းတွေလွှား တွေနှင့်ချီတက် လာကြသည်။ ဒီကနေ့ ကိုင်ဆောင်လာကြသည့် ဒိုင်းလွှားတွေက နည်းနည်းအဆင့်မြင့်လာပြီး သံပြားတွေနဲ့ ကျကျနနလုပ်ဆောင်လာကြ သည်ကို တွေ့ရသည်။

သပိတ်စစ်ကြောင်းက တစ်ကြောင်း တည်းမဟုတ်။ စုစုပေါင်း ၃ ကြောင်းခွဲကာချီတက်မြို့လှည့်နေသည်ကို တွေ့ရသည်။

ရဲတွေနဲ့စစ်ကားတွေက ဟိုအကြောင်းလိုက်ပိတ် ဒီအကြောင်းလိုက် ဆို့နှင့် တော်တော်လေး အလုပ်များခဲ့ ရသည်။

နံနက် ၁၀ နာရီခွဲအချိန် ရေပုန်းငြိမ်း ချမ်းရေးဘက် အရောက်တွင်တော့ သပိတ် တပ်ဖွဲ့ နောက်မြီးဆွဲ အဖြိုခွဲခံရသည်။

မျက်ရည်ယိုဗုံးများ၊ ကျည်အစစ် များအသုံးပြုကာ ဖြိုခွဲခဲ့ခြင်းဖြစ်သည်။ ကျည်ထိမှန်ဒဏ်ရာရသူတော့မရှိ။

နောက်ဆုံးမှ ဆိုင်ကယ်ဖြင့်လိုက် သူများအား ကားဖြင့်အတိုက်ခံရသဖြင့် ဆိုင်ကယ် ၂ စီးနှင့် လူသုံးဦး အဖမ်းခံ ခဲ့ရသည်။

တစ်ဆက်တည်း ငြိမ်းချမ်းရေး ရပ်ကွက်တွင် ရုံးမဆင်းဘဲ CDM လုပ်နေသည့် ရဲမေတစ်ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြသည်။

ထိုနေ့က သပိတ်မှောက်ရာတွင် မပါသည့် ဆိုင်ကယ်တက္ကစီဆွဲသူများ နေအိမ်အတွင်းမှ ဖုန်းဖြင့်ဓာတ်ပုံ ရိုက်သူများ အပါအဝင် လူတစ်ဆယ် ကျော် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး ရဲမေမှလွဲ၍ အားလုံးကို ညနေဘက်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် မြိတ်မြို့၊ ယာဉ်ထိန်း ရဲနှင့်ရဲတပ်ဖွဲ့ဝင်တချို့ အလုပ်မဆင်း ဆန္ဒပြသော CDM တွင်ပါဝင်လာကြသည်ကို ၎င်းတို့၏လူမှုကွန်ရက်တွင် ရေးသားထားကြသည်။ မတ်လ ၄ ရက် မနက်လင်းတော့ ကတ္တရာလမ်းတွင် စက္ကူဖြင့်ကပ်ထားသည့် ဓာတ်ပုံများမတွေ့ရတော့။

ဓာတ်ပုံအစား ခွာလို့မရသည့် ဆေးများဖြင့် ပုံဖော်ထားကြသည်။ ယင်းကဲ့သို့ ပြုလုပ်ထားသည်က လမ်းဆုံလမ်းခွ နေရာအတော်များများတွင် တွေ့ရသည်။

နံနက် ၈ နာရီခွဲခန့်တွင် နောက် လယ်ရပ်ကွက်မှ တိုးချဲ့ဈေးသို့ လူအနည်းငယ်ပါသည့် သပိတ်တပ်ဖွဲ့ ချီ တက်လာကြသည်။

မြိတ်နွေဦးတော်လှန်ရေး

တိုးချဲ့အုပ်စုနှင့်ပေါင်းကာ လူနှစ်ရာခန့်ဈေးရှေ့တွင်စုကာ ကမ္ဘာမကြေ သီချင်းဆိုကြသည်။

သိပ်မကြာမီ တပ်ကားများလာနေ ကြောင်းကြားသဖြင့် လူစုခွဲလိုက်ကြသည်။
စစ်သားများက သေနတ်နှစ်ချက် ပစ်ဖောက် ခဲ့ကြသည်။

တိုးချဲ့ရပ်ကွက်တွင် ကားတစ်စီး နှင့် ဆိုင်ကယ်အပါအဝင် လူအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မတ်လ ၅ ရက် နံနက် ၈ နာရီခွဲခန့် ကန်ဖျားရပ်မီးစက်ကြီးရှေ့မှစတင် ကာ လူ ၃၀ဝ ခန့်ဖြင့် မြစ်ငယ်ရပ်ကွက်၊ ထားဝယ်စုရပ်ကွက်၊ ကန်ခေါင်း ရပ်ကွက်များသို့ အတားအဆီးများအား ရှောင်တိမ်းချီတက်ခဲ့ကြပြီး မိနစ် ၃၀ အကြာ ငြိမ်းချမ်းစွာဖြင့် လူစုခွဲခဲ့ကြသည်။

ဆန္ဒပြသူများတွင် ဒိုင်းလွှားများ၊ ဓာတ်ငွေ့ကာများ၊ ဦးထုပ်များ ဆောင်းထားကြသည်ကို တွေ့ရသည်။

ယင်းနေ့တွင် အပစ်အခတ်မရှိသလို အဖမ်းခံရသူများလည်း မရှိခဲ့ပါ။ ကတ္တရာလမ်းပေါ် ဆေးမှုတ်ထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ရုပ်ပုံများကတော့ လမ်းဆုံလမ်းခွများတွင် ရှိနေဆဲ။