ကံပေါက်ဒေသတွင် ဆန္ဒထုတ်ဖော်ခြင်း တစ်ပတ်တာအနှစ်ချုပ်

0
193

အာဏာသိမ်းပြီးနောက် ရှစ်ရက် ခန့်အကြာတွင် ကံပေါက်ဒေသရှိ လူ အင်အားထောင်ချီလမ်းပေါ်ထွက်လာပြီး သပိတ်စစ်ကြောင်းများဖြင့် စတင် ချီတက်ဆန္ဒပြခဲ့ကြသည်။

မတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် CDM တွင်ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမ၊ ဒေသခံများ သပိတ်စစ်ကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ပြီး ညနေပိုင်းတွင် တပ်ကောင်စီမှခန့်အပ်သောအုပ်ချုပ်ရေးမှူး အလိုမရှိ စာသားပါ စာရွက်များကို လျှပ်စစ်ဓာတ်တိုင်တို့တွင် ကပ်ထားသည်ကိုတွေ့ရသည်။

ညအချိန်တွင် ကပ်ထားသည့်ယင်း စာရွက်များကို စစ်တပ်ဘက်ကလာ ရောက်ခွာယူခဲ့ သည်။

မတ်လ ၂ ရက်မနက်ပိုင်းတွင်လည်း သပိတ်စစ်ကြောင်းများ ပုံမှန် အတိုင်းလမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ကံပေါက်ဈေးလမ်းဆုံလမ်းပေါ်တွင် တပ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ ပုံများကပ်ထားသည်ကို တွေ့ရသည်။ မွန်းလွဲပိုင်းတွင် အဆိုပါဓာတ်ပုံများကို စစ်တပ်ဘက်မှ လာရောက်ခွာယူခဲ့သည်။

နောက်တစ်နေ့ မတ်လ ၃ ရက်တွင် သပိတ်စစ်ကြောင်းများ ဆက်လက် လမ်းပေါ်ထွက်ချီတက်ခဲ့ပြီး ထားဝယ်မြို့ သပိတ်စစ်ကြောင်းတွင် ကျဆုံးသွားသည့် ရေဖြူမြို့နယ် ပုဂေါဇွန်းရွာသား ကိုဖေသန်းအတွက် အလှူငွေများ အလှူခံခဲ့သည်။

မတ်လ ၄ ရက်တွင် လမ်းပေါ် ဆန္ဒပြခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ မတ်လ ၅ ရက်တွင် ကံပေါက် ဈေးအတွင်း တပ်ကောင်စီမှခန့်အပ်သည့် အုပ်ချုပ်ရေးမှူးအသစ်အလိုမရှိကြောင်း စာသားများကပ်ထားသည်ကို တွေ့ရသည်။

ကံပေါက်ဒေသလုံးဆိုင်ရာ သပိတ် စစ်ကြောင်းကို ဖေဖော်ဝါရီလ ၂၇ ရက် က ရဲတပ်ဖွဲ့က လာရောက်ဟန့်တားခြင်း ရှိခဲ့သော်လည်း မတ်လ ပထမတစ်ပတ်တာလုံး လမ်းပေါ်ထွက်ပြီး ဆက်လက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

သပိတ်စစ်ကြောင်းတွင် အသက် ၆၀ ကျော်အရွယ်အဖွားအချို့ တပ်ဦးတွင် လိုက်ပါဆန္ဒထုတ်ဖော်လျက်ရှိသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ရာတွင် ကံပေါက်ဒေသရှိ ရတနာ၊ ရဲတံခွန်၊ ဇောတိက ဓာတ်ငွေ့စီမံကိန်း ၃ ခုကို လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့် တပ်အစိုးရနှင့် စီးပွားရေးအရ ဆက်သွယ်ခြင်း မပြုလုပ်ရန်ကိုလည်း ဒေသခံများက တောင်းဆိုမူများလည်း ရှိသည်။