တစ်ပတ်စာ ဗေဒင် (၈- – ၂၀၂၁ မှ ၁၄- ၃-၂၀၂၁ ထိ)

0
462
Bay-Din

တနင်္ဂနွေ
အမွေအနှစ်များ ရရှိတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ပန်ကာ၊ လေအေးပေးစက် တစ်ခုခုဝင်မည်။ သင်သည် လူငယ်တစ်ယောက်ဖြစ်က လုပ်ငန်းအခွင့် အလမ်းများ ရရှိမည်။ ငွေကြေးကတော့ ဝင်သလောက်မမြဲဘဲ ဖြစ်နေတတ်သည်။ ဆုံးဖြတ်ချက်ချ မှားတတ်သည်မို့ ဂရုပြုပါ။ မျက်စိ၊ အာရုံကြော ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား အိပ်၍မပျော်သည့် ညတစ်ညဖြတ်သန်းရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ ပြောက်ကျား၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အဖြူရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၁၊ ၂၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ ဗောဓိညောင်ပင်ကို သက်စေ့ရေလောင်းပါ။

တနင်္လာ
စိတ်ကူးအကြံများ လွဲတတ်သည်။ ဘာလုပ်လုပ် လုပ်ငန်းများ အောင်မြင်မည်။ ခရီးတစ်ခု သွားရမည်။ တီဗွီ ဝင်မည်။ မြေဝယ်ခြင်း မပြုပါနှင့်။ မိတ်ဆွေများ အကျိုးပြုမည်။ ခါးနှင့် ပတ်သက်သော ရောဂါဖြစ်တတ်သည်။ ငွေချေးခြင်း သတိထားပါ။ မေတ္တာရေးသည်ကား နေရိပ်အလာကို နေပူကစောင့်ရသည့် ကာလမျိုးဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၁၊ ၂၊ ၅ ပါသော ဂဏန်းများ
ယတြာ ။ ။ ဘုရားတစ်ဆူ၌ တစ်ယောက်ထိုင်ဖျာတစ်ချပ် လှူပါ။

အင်္ဂါ
ရွှေ ဝင်မည်။ ငွေကြေးများစွာ ဝင်လာမည်။ ရပ်ဝေးမြေခြား ခရီးသွားသင့်သောကာလ ဖြစ်သည်။ အခြေမြင့်၍ ဘဝတိုးတက်မည့်ကာလ ဖြစ်သည်။ သင့်အိမ်၌ ထီးပျက်၊ ဖိနပ်စုတ်များရှိလျှင် စွန့်ပစ်ပါ။ အသက်ကြီးသူများနှင့် သဘောထားကွဲလွဲတတ်သည်။ ရုတ်တရက် ဆေးရုံဆေးခန်း ပြရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၁၊ ၂၊ ၅၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ ဒန့်ဒလွန်သီးဟင်းကို မွေးနေ့၌ ဘုန်းကြီးကျောင်းကပ်လှူပါ။

ဗုဒ္ဓဟူး
အကြောင်းအမျိုးမျိုးကြောင့် ငွေကြေးများပြန်ဝင်လာမည်။ တယ်လီဖုန်းပြုတ်ကျပျက်စီး တတ်သည်။ ခရီးတစ်ခု သွားရမည်။ လုပ်ငန်းနှင့်ပတ်သက်၍ စိတ်တိုင်းမကျဖြစ်ရတတ်သည်။ တစ်စုံတစ်ဦးကသင့်အား လုပ်ငန်းအတွက် အကြံအစည်ပြုလာလျှင် လက်ခံဆောင်ရွက်ပါ။ မိတ်ဆွေတို့နှင့် သဘောထားကွဲလွဲတတ်သည်။ ကျန်းမာရေးအညံ့မရှိပါ။ မေတ္တာရေးသည်ကား အချစ်စစ်က သင့်အားအေးမြမှုပေးပါလိမ့်မည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် ။ ။ ခဲရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၁၊ ၂၊ ၅၊ ၆ ပါသော ဂဏန်းများ
ယတြာ ။ ။ ကောက်ညှင်းပေါင်းကို မွေးနေ့၌ ဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
လူမျိုးကွဲတို့ ကူညီမစမည်။ နာရီတစ်လုံး ဝင်မည်။ အင်တာဗျူးဖြေထားသူများ အဆင်ပြေမည်။ ငွေကြေးနှင့်ပတ်သက်၍ ထင်သလောက်မဝင်ဘဲဖြစ်နေတတ်သည်။ ဆုံးဖြတ်ချက်မှား တတ်သည်။ လုပ်ငန်းနှင့်ပတ်သက်၍ မကြာခင်အဆင်ပြေမည်။ မေတ္တာရေးသည်ကား မျှော်တလင့်လင့်နဲ့ စောင့်ရဦးမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၂၊ ၇၊ ၉ ပါသော ဂဏန်းများ
ယတြာ ။ ။ ဖရဲသီးကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
ယခုလအတွင်း ဖုန်းမဝယ်သင့်ပါ။ သင်ကံကောင်းသောကာလသို့ ရောက်နေပါသည်။ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ သင်ငွေကြေးနှင့်ပတ်သက်၍ အခက်ကြုံနေပါက ယခုလအတွင်း အဆင်ပြေမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ မတော်တဆဆေးရုံတက်ရ တတ်သည်။ မေတ္တာရေးသည်ကား သင်နှင့်ချစ်သူအကြားမှာ နှစ်ပါးဂဟေဆက်ပေါင်းဖက် ရမည်။
အကျိုးပေးသော အရောင် ။ ။ အပြာရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် ။ ။ အဖြူရောင်၊ အညိုရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၂၊ ၄၊ ၅ ပါသော ဂဏန်းများ
ယတြာ ။ ။ သစ္စာပန်းအဝါကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

စနေ
ဘာပဲလုပ်လုပ် လုပ်ငန်းများ အဆင်ပြေမည်။ အိုးအိမ်ဆောက်ခြင်းကိစ္စများ အဆင်ပြေမည်။ ခရီးတစ်ခု သွားရမည်။ လာဘ်လာဘများ ဝင်မည်။ ရွှေထည်ပစ္စည်းများထွက်တတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ မြေအရောင်းအဝယ်ကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်မေတ္တာများခိုင်မြဲသာယာပါမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ ခရမ်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၂၊ ၅၊ ၉ ပါသော ဂဏန်းများ
ယတြာ ။ ။ ငါးများကို ဘေးမဲ့လွှတ်ပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ