ကော့သောင်း တပ်ထောက်ခံပွဲ သံပုံးတီးခံရ

0
197
ကော့သောင်း တပ်ထောက်ခံပွဲ

ကော့သောင်းမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်သော တပ်မတော် ထောက်ခံပွဲကို လူအများက သံပုံးတီး ကန့်ကွက်ခဲ့ကြသည်။

တပ်မတော် ထောက်ခံသူများမှ လေယာဉ်ကွင်းအနီးမှ စတင်ထွက်လာကြစဉ် သီရိမြိုင်ရပ်ကွက်နှင့် အေးမြကန်သာရပ်အရောက် ရပ်ကွက်တွင်း ပြည်သူများမှ သံပုံးတီး ခြောက်လှန့် ခဲ့ကြသည့်အတွက် အဆိုပါထောက်ခံသူများမှာ ခရိုင်ပြည်သူ့ဆေးရုံ အနီးသို့ ရောက်ရှိစဉ် လာလမ်းအတိုင်းပြန်လှည့် ခဲ့ရသည်။

တပ်မတော်ထောက်ခံသူများမှ ကြွေးကြော်သံများ ရွတ်ဆိုခဲ့ကြသော်လည်း သံပုံးတီးသံများက ဖုံးလွှမ်းလျက်ရှိသည်။

ထားဝယ်မြို့တွင်လည်း တပ်ထောက်ခံပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၁၂ ရက်က ပြုလုပ်ခဲ့ပြီး သံပုံးတီး ဆန္ဒပြသူများကြောင့် တပ်ခေါက် လှည့်ပြန်ခဲ့ရသည်။