အာဏာရှင်ဆန့်ကျင်ရေး စတေကာပါ အင်္ကျီအရောင်းသွက်

0
157
Dawei Watch, Dawei News, Dawei News Media

တပ်မတော်မှအာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ဖြစ်ပွားနေရာ အာဏာရှင်ဆန့်ကျင်ရေး စတေကာပါ အင်္ကျီများ အရောင်းသွက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

တစ်ရက်လျှင် အဆိုပါစတောကာများ ကပ်နှိပ်ထားသည့် အင်္ကျီအထည် နှစ်ရာခန့်အထိ ရောင်းချရကြောင်း ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ စတိုးဆိုင် ပိုင်ရှင်ဖြစ်သည့် အသက်၂၅ နှစ်အရွယ် ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ရောင်းလို့တောင် မလောက်ဘူး။ တချို့ဆို နာမည်စာရင်းပေးပြီး မှာထားခဲ့တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထားဝယ်မြို့ရှိ အခြားစတိုးဆိုင် များတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အမှတ်အသားပါ အင်္ကျီများရောင်း ချနေကြပြီး ဝယ်ယူသူ များပြားခဲ့သည်။

အဆိုပါ အင်္ကျီတစ်ထည်လျှင် နှစ်ထောင်ကျပ်မှ တစ်သောင်းကျပ်ဝန်းကျင်အထိ အင်္ကျီအသားအပေါ်မူတည်ကာ ဈေးအမျိုးမျိုးရှိသည်။