ရွှေဝယ်ဟန်ပြုပြီး ရွှေထည်များ လုပြေး

0
502
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးအပြင်တန်းရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်တွင် ဖေဖော်ဝါရီလ ၁၅ ရက်က ရွှေထည်များ ဝယ်ယူမည့်ဟန်ဖြင့် ရွှေထည်များ လုပြေးခဲ့ကြောင်း ယင်းဈေးကြီးရှိ လက်ဝတ်ရတနာ အရောင်းဆိုင်တို့ထံမှ သိရသည်။

အမျိုးသမီးတစ်ဦးသည် ရွှေထည်များအား ဝယ်ယူမည့်ပုံစံဖြင့် ရွှေပုတီး ကုန်းတွဲအား ကြည့်ရှုနေစဉ် လုယူပြီး ဆိုင်ရှေ့ရှိ အတူပါလာသည့် အမျိုးသား တစ်ဦး စက်နှိုးပြီးအသင့်စောင့်နေသည့် မော်တော်ဆိုင်ကယ်နှင့်အတူ မောင်းထွက်သွားခြင်းဖြစ်သည်။

“အော်သံတော့ ကြားလိုက်တယ် လိုက်မယ့်သူလည်းမတွေ့ဘူး” ဟု ရွှေထည် အလုခံရသည့် ဆိုင်အနီးရှိ ရွှေအရောင်း ဆိုင်ရှင်တစ်ဦးက ပြောသည်။

ရွှေပုတီးကုန်းများအား အတွဲလိုက် စည်းထားသဖြင့် တစ်တွဲလျှင်အနည်းဆုံး ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိကြောင်း အထက်ပါ ရွှေအရောင်းဆိုင်ရှင်က ပြောပြသည်။

ယခုရက်ပိုင်းအတွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ပြုလုပ်နေကြခြင်း၊ နေ့ရော ညပါ ရပ်ကွက်များအတွင်း မီးကွင်းပစ် သူတို့ကြောင့် ထိတ်လန့်နေရခြင်းတို့ကြောင့် ဆိပ်ငယ်ဈေးကြီးရှိ ရွှေအရောင်း ဆိုင်တချို့သာ ဖွင့်လှစ်ရောင်းချနေကြကြောင်း ယင်းရွှေဆိုင်အသိုင်းအဝိုင်းမှ သိရသည်။