ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကူအညီ ဥရောပသမဂ္ဂ ဆိုင်းငံ့

0
184
Dawei Watch, Dawei News, Dawei News Media

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ရိုက် တောင်းဆိုမှုဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်း ခေတ္တဆိုင်းငံ့ ထားမည်ဖြစ်ကြောင်း ဥရောပ သမဂ္ဂ (အီးယူ) က ကြေညာသည်။

ယင်းစီမံကိန်းသည် ပြည်သူလူထု နှင့် ရဲတပ်ဖွဲ့တို့အကြား ပိုမိုကောင်းမွန် သည့် ယုံကြည်မှု တည်ဆောက်ရန် နိုင်ငံတကာ စံနှုန်းနှင့်အညီ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ သင်တန်းပေးခြင်း တို့ကို အဓိက လုပ်ဆောင်ပြီး မည်သည့် လက်နက်ပစ္စည်း ကိရိယာကိုမျှ ထောက်ပံ့ခြင်း မရှိကြောင်း အီးယူက ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်အာဏာသိမ်းမှုပြီးနောက် ဒီမိုကရေစီ စနစ် အသွင်ကူးပြောင်းရေး နှောင့်ယှက်ဟန့်တားခံရသည့် ဖြစ်စဉ်ကြောင့် ယင်း စီမံကိန်း ရပ်နားထားမည်ဖြစ်ကြောင်း အီးယူက ထုတ်ပြန်သည်။