အမြောက်ပစ်ခတ်လေ့ကျင့်ရန် ရေကြောင်းသတိပေးချက် ထုတ်ပြန်

0
215
Dawei Watch, Dawei News, Dawei News Media

အမြောက်ပစ်ခတ်လေ့ကျင့်ရန်အတွက် ရေကြောင်းသတိပေးချက် တစ်ခုကို ထုတ်ပြန်ထားကြောင်း တနင်္သာရီတိုင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇာနည်ကျော်ကျော် က အတည်ပြု ပြောကြားသည်။

ပစ်ခတ်လေ့ကျင့်မည့်နေရာနှင့် အချိန်တို့မှာ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၂ ရက်အထိ တနင်္သာရီကျွန်းအနောက်ဘက်၊ အော်ရီယိုကျွန်း အနောက်ဘက် နှင့် ခရစ္စတီကျွန်းအနောက်ဘက်၊ ၂၂ ရက်မှ ၂၅ ရက်အထိ စူဠာကျွန်းအနောက်ဘက်၊ ၂၅ ရက်မှ ၂၈ ရက်အထိ ကျွန်းမဲကြီးကျွန်းအနောက်ဘက်နှင့် သံကျွန်း အနောက်ဘက်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၃ ရက်အထိ ဂျလန်းကျွန်း အနောက်ဘက် ရေပြင်ကို ပစ်ခတ် လေ့ကျင့်မည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

အမြောက်ပစ်ခတ်လေ့ကျင့်မည့် အထက်ပါနေရာများတွင် ရေယာဉ်ကြီး/ ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းလှေများ၊ အပျော်စီးသင်္ဘောများ စသည်တို့ ဖြတ်သန်းသွားလာခြင်း၊ ရပ်နားခြင်းတို့မပြုလုပ်ရန်နှင့် လွတ်ကင်းအောင် မောင်းနှင်သွားလာကြရန် သတိပေးထားသည်။

လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်းရေကြောင်းသတိပေးထုတ် ပြန်ချက်အား တနင်္သာရီတိုင်း စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွန်ကြားချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဦးဇာနည်ကျော်ကျေ ာ်က ဆိုသည်။

“ကိုယ်တို့လည်း စာဝင်လာလို့ ထုတ်လိုက်တာပါ” ဟု ဦးဇာနည်ကျော်ကျော် က ဆိုသည်။