မော်လမြိုင်တွင် ရထားပိတ် ဆန္ဒပြ

0
222
မော်လမြိုင်တွင် ရထားပိတ် ဆန္ဒပြ

ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်း မော်လမြိုင်ဘူတာမှ ရန်ကုန်သို့ ထွက်ခွာမယ့် အမှတ် ၉၀ အစုန်ရထားကို ပြည်သူတွေက လမ်းပိတ်ဆို့ ဆန္ဒပြခဲ့ ကြပါတယ်။

လမ်းပိတ်ဆို့ ဆန္ဒပြသူတွေ တဖြည်းဖြည်းများလာပြီး နေ့လယ် ၁၂ နာရီလောက်မှာ ရထားဟာ ဘူတာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အာဏာသိမ်း ဆန့်ကျင်တဲ့ မြန်မာ့ မီးရထား ဝန်ထမ်းတွေရဲ့ အဖြစ်အပျက်ကို နိုင်ငံတကာ မီဒီယာတွေမှာ အသားပေး ဖော်ပြခဲ့ကြပါတယ်။