ရနောင်းရှိ မြန်မာအလုပ်သမား နှစ်ရာကျော် နေရပ်ပြန်ရန် ကြန့်ကြာနိုင်

0
153
Dawei Watch, Dawei News, Dawei News Media

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် ကော့သောင်းမြို့တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့ လဝကရုံးတွင် ထိန်းသိမ်းခံနေရသည့် မြန်မာရွေ့ပြောင်း အလုပ်သမား နှစ်ရာကျော် နေရပ်ပြန်ရ မည့်အချိန် ကြန့်ကြာနိုင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ကော့သောင်းရုံးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

လတ်တလော မြန်မာပြည်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေသည် နေရာအနှံ့ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြမှုများ ဆက်တိုက်ဖြစ် ပေါ်နေသည်။

“လက်ရှိအနေအထားက လာဖို့ မဖြစ်နိုင်သေးဘူး” ဟု ပညာရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်း(FED) ကော့သောင်းရုံးတာဝန်ရှိသူက ပြောသည်။

အဆိုပါ ရနောင်းလဝကရုံးတွင် အချုပ်၊ အကျဉ်းထောင်တို့မှ လွတ်မြောက်ခဲ့သည့် မြန်မာလေးရာကျော် ထိန်းသိမ်း ထားသည့်အနက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့က တနင်္သာရီတိုင်းအတွင်း နေသူ ၁၅၀ ကျော်အား ပြန်လည်လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်သည်။

အခြားတိုင်းအတွင်းနေသူ ၁၀ဝ ခန့်အား မြဝတီနယ်စပ်မှ တစ်ဆင့် မြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ကော့သောင်းရုံးမှ သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့မှာ ရနောင်းလဝကရုံး အဆောက်အအုံ တွင် ထိန်းသိမ်းခံထားရသည့် အချိန်မှာ အများဆုံးတစ်နှစ်ကျော်နှင့် အနည်းဆုံး တစ်လခန့် ရှိကြောင်း သိရသည်။

ကိုဗစ်ကပ်ဘေးကာလတွင် နေရပ်သို့ ပြန်လည်ဝင်ရောက်လာသူများအား ကွာရန်တင်းစင်တာ အခြေအနေပေါ် မူတည်ပြီး နှစ်နိုင်ငံ တာဝန်ရှိသူတို့ ညှိနှိုင်းပြီး လူဦးရေအသုတ်လိုက် ပြန်လွှဲပြောင်း ပေးနေသည်။