မောတောင်- စင်ခွန်းဂိတ် ပြန်ပိတ်

0
129
မောတောင်- စင်ခွန်းဂိတ်

လတ်တလောဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံရေး အပြောင်းအလဲကြောင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်- စင်ခွန်းနယ်စပ်ဂိတ်အား ဖေဖော်ဝါရီ လ ၆ ရက်နေ့မှစပြီး ရက်အကန့်မသတ်မရှိ ပြန်လည်ပိတ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုး တွေ့ပြီးနောက် ထိုင်းဘက်မှ စင်ခွန်းဂိတ်အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဖေဖေါ်ဝါရီလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် ကြေညာထားသည်။ သို့သော် ထိုရက်တွင်ပင် တပ်မတော် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ရက်ပိုင်း အကြာတွင် ပြန်ပိတ်ခဲ့ရခြင်း ဖြစ်သည်။

မောတောင်- စင်ခွန်းဂိတ် ပြန်ပိတ်

ဖွင့်လှစ်မည်ဟု ကြေညာထားသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်မြိတ်မှ ရေထွက်ကုန်များ‌ ရောက်ရှိလာကြခဲ့သည့်အတွက် နှစ်ရက်တာ ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း မောတောင်‌ မြို့မရပ်နေသူ အသက် ၄၀ ရှိ အမျိုးသားတစ်ဦးက ပြောပြသည်။

ကိုဗစ်ဂယက်ကြောင့် နယ်စပ်ဂိတ် ပိတ်ခဲ့သဖြင့် မြိတ်ရေထွက်ကုန်များ တင်ပို့ရောင်းနေကြခွင့်မရခြင်းနှင့် ကင်းမွန်ကဲ့သို့ ရေထွက်ကုန်များ ဒေသတွင်း ဈေးနှုန်းများကျဆင်းခြင်းတို့နှင့် ကြုံ တွေ့ခဲ့ရပြီး ထိုင်းဘက်မှ တစ်လကုန်သွယ်မှု တန်ဖိုးမှာ ဘတ်သန်းတစ်ရာမှ ဘတ်သန်းနှစ်ဆယ်အထိ ထိုးကျခဲ့ရကြောင်း သိရသည်။