မြိတ်တွင် လူထောင်ချီ လမ်းလျှောက် ဆန္ဒထုတ်ဖော်

0
220
မြိတ်တွင် လူထောင်ချီ လမ်းလျှောက် ဆန္ဒထုတ်ဖော်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နံနက် ၇ နာရီမှ ၉ နာရီအထိ လူထောင်ချီဆန္ဒထုတ်ဖော်ခဲ့သည်။

ထောင်ချီသော လူအုပ်စုကြီးသည် ဇေယျသီရိ ရပ်ကွက် ဈေးရှေ့မှ စတင်ကာ တိုးချဲ့မြို့သစ်၊ ယင်းနောက် တလိုင်းစု၊ ဆိပ်ငယ်၊ ထားဝယ်စု၊ မြစ်ငယ် ရပ်ကွက်များသို့ ဖြတ်ကာ ဗိုလ်ချုပ်မြင်းစီးရုပ်အထိ ချီတက် ဆန္ဒပြခဲ့ကြသည်။

အာဏာရှင် အလိုမရှိ၊ အာဏာရှင်စနစ် ကျဆုံးပါစေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြွေးကျော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြ လမ်းလျှောက်ချိန် နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး နှောင့်ယှက်ဖမ်းဆီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

မြိတ်တွင် လူထောင်ချီ လမ်းလျှောက် ဆန္ဒထုတ်ဖော်