ကော့သောင်း NLD ဥက္ကဋ္ဌကို ငြိမ်းစုစီဖြင့် အမှုဖွင့်

0
301
Dawei Watch, Dawei News, Dawei News Media

အာဏာသိမ်းမှုကို ဆန္ဒပြသော ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်နိုင်ကို ငြိမ်းစုစီ ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်လိုက်ကြောင်း ကာယကံရှင် ဦးသက်နိုင်က ပြောကြားသည်။

ဦးသက်နိုင် အပါအဝင် လူလေးဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လယ် ၂ နာရီက ကော့သောင်း မြို့တွင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးရန်၊ တတိယအကြိမ် လွှတ်တော် ခေါ်ယူပေးရန်နှင့် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း ဦးသက်နိုင်က ပြောဆိုသည်။

၁၀ မိနစ်ခန့်အကြာတွင် လူများစုဝေးလာချိန် တွင် ရဲတပ်ဖွဲ့ဝင်များကို ဦးသက်နိုင် အပါအဝင် ဆန္ဒပြသူ ၆ ဦးကို ရဲစခန်းတွင် ခေါ်ယူထိန်းသိမ်းလိုက်ကြောင်း၊ ထိုနောက် ကိုယ်ရေးမှတ်တမ်းရယူကာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၇၀ ဖြင့် အာမခံပေးကာ ညနေပိုင်းတွင် ပြန်လွှတ်လိုက်ကြောင်း ဦးသက်နိုင် က ဆိုသည်။

“ကျန်တာကတော့ တရားရုံးမှာ ရင်ဆိုင်ရမှာပေါ့” ဟု ၎င်းက ပြောသည်။