အင်တာနက်ဖြတ်လိုက်သဖြင့် ပြည်သူများ အခက်အခဲဖြစ်ပေါ်

0
161
Dawei Watch, Dawei News, Dawei News Media

ဖေဖော်ဝါရီလ ၆ ရက်က အင်တာနက်လိုင်းများ ဖြတ်လိုက်သဖြင့် ပြည်သူများ အွန်လိုင်းမှ သတင်း အချက်အလက်များရရှိရန် အခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း ပြောဆိုကြသည်။

ယင်းကဲ့သို့အင်တာနက်ဖြတ်တောက်လိုက်ခြင်း နိုင်ငံသားတစ်ဦး၏ သိပိုင်ခွင့်ဆိုသည့် အခြေခံ အခွင့်အရေးကို ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ကြောင်း ထားဝယ်မြို့နေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“(အင်တာနက်လိုင်းမရှိတော့) မျက်စိကန်း နားပင်း ဖြစ်သွားတာပေါ့။ ကိုယ့်တိုင်းပြည်မှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေ ဘာတစ်ခုမှာ မသိရတော့ဘူး” လောင်းလုံးမြို့နယ်နေ ဦးစိုးအောင် က ဆိုသည်။

သရက်ချောင်းမြို့နယ်တွင်နေထိုင်သော အမျိုးသမီးတစ်ဦးကလည်း အင်တာနက်ဖြတ် တောက်ခြင်းသည် အနိုင်ကျင့်သည့်ပုံစံဖြစ်ကြောင်း ပြောဆိုသည်။

ယင်းသို့အင်တာနက်လိုင်းဖြတ်ပြီးနောက် ည ၈ နာရီသံပုံးဆက်တီးရန်၊ နီးစပ်ရာအစိုးရဝန်ထမ်းများ အလုပ်မဆင်းရန် ရေးသားထားသည့် ဖုန်းမက်ဆေ့(စာတို) ကမ်ပိန်းတစ်ခုထွက်ပေါ်လာခဲ့သည်။

ဖုန်းမက်ဆေ့ဖြင့် ပြည်သူအချင်းချင်းသတင်း စကားများဖြန့်ဝေခဲ့ကြရပြီး ဖေဖော်ဝါရီလ ၈ ရက်တွင်မူ ဖုန်းလိုင်းများကိုပါ ဖြတ်တောက်မည် ဆိုသည့် ကောလာဟလများပါ ထွက်ပေါ်လာခဲ့သည်။

အင်တာနက်လိုင်းများကို ဖေဖော်ဝါရီလ ၇ ရက် နေ့လယ် ၂ နာရီခန့်တွင် ပြန်ဖွင့်ပေးခဲ့သည်။