အာဏာသိမ်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်တွင် စတင်ပြုလုပ်ခဲ့သည်။

ဒေါင်းအလံအချို့ကိုင်ဆောင်ထားသူများအပါအဝင် လူဦးရေ ငါးဆယ်ခန့်က ထားဝယ်မြို့ ရှမ္မလည်ဆွဲ လမ်းဆုံမှ စတင်၍ အာဇာနည်လမ်း တစ်လျှောက် အထက (၃) အထိ အသွားအပြန် ချီတက်ဆန္ဒပြခဲ့ကြသည်။

အချိန် ၁၅ မိနစ်ခန့် ဆန္ဒပြပြီးနောက် လူစုခွဲလိုက်ကြသည်။