ကော့သောင်းတွင် ဆန္ဒထုတ်ဖော်

0
142
ကော့သောင်းတွင် ဆန္ဒထုတ်ဖော်

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာပြီး တရားဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ ဘောလုံးကွင်း အဟောင်းနေရာတွင် ဇန်နဝါရီလ ၂၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖေါ်ရာတွင် စာချွန်တော်လက်ခံရန်၊ အမြန်ဆုံးကြားနာ စစ်ဆေးပေး ဒို့အရေး၊ ပြည်ထောင်စု လွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးစံလင်းမြင့်ထံမှ သိရသည်။

“ဆိုင်းဘုတ်ထဲမှာပါတဲ့ အတိုင်းပဲ ရည်ရွယ်ပြီး ဆန္ဒဖော်ထုတ်တာပါ။ ဒါပါပဲ” ဟု ဦးစံလင်းမြင့်က ပြောသည်။

ပြည်သူအနေနှင့်သာ လုပ်ဆောင် ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းများနှင့် ပါတီတို့အား ကိုယ်စားပြုလုပ် ဆောင်ခြင်းမဟုတ်ကြောင်း ဦးစံလင်းမြင့် က ပြောပြသည်။

ပြည်ထောင်စုတရားသူကြီးချုပ် နိုင်ငံတော်ကို ကယ်တင်ပေးပါ၊ ကျွန်ုပ်တို့ အေးချမ်းစွာဆန္ဒဖော်ထုတ်ပါသည်၊ တရားရေးကဏ္ဍမှ အမှန်တရားဖော် ထုတ်မှုကို ကြိုဆိုပါတယ်။ ပြဿနာ မဖြေရှင်းဘဲ လွှတ်တော်ခေါ်တာ လက်မခံနိုင်ပါနှင့် ပြည်သူ့ခံစားချက်ကို အလေးထားပါ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရန်အတွက် အင်အား ၂၀ ဦးခန့်ဖြင့် ပြုလုပ်ရန် ကော့သောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးထံ တင်ပြထားသော်လည်း လူကိုးဦးသာပါဝင်ကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)