ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
884
Bay-Din

၁ – ၂ – ၂၀၂၁ မှ ၇ – ၂ -၂၀၂၁ ထိ

တနင်္ဂနွေ

ဥစ္စာစည်းစိမ်များ တိုးပွားမည့်ကာလ ဖြစ်သည်။ နာရီ ဝင်မည်။ ကွဲကွာနေသော မိတ်ဆွေများနှင့် ပြန်လည်ဆုံစည်းရမည်။ လုပ်ငန်းအပြောင်းအလဲ ဖြစ်တတ်သောကာလ ဖြစ်သည်။ ခရီးသွားမည့် အစီအစဉ်များမအောင်မြင် ဖြစ်တတ်သည်။ ငွေကြေးနှင့် ပတ်သက်၍ သတိနှင့် ချေးငှားပါ။ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား ကြည်နူးတစ်လှည့် ရင်မောတစ်လှည့် ဖြစ်နေမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အညိုရောင်
မစားသင့်သော အစားအစာ – မျှစ်၊ ဘဲသား
ယတြာ – ဖရဲသီးကို အစိတ်စိတ်ပြု၍ ဘုရားကပ်လှူပါ။

တနင်္လာ

မြေ ဝင်မည်။ သင်တန်းတက်ခြင်း၊ ပညာသင်ခြင်းများ အဆင်ပြေမည်။ လုပ်ငန်းနှင့်ပတ်သက်၍ စိတ်ထင်တိုင်းမပေါက် ဖြစ်နေတတ်သည်။ လက်စွပ်၊ လည်ဆွဲများ ပြုတ်ကျပျက်စီးတတ်သည်။ နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ ထီ ကံစမ်းပါ။ အာရုံကြော၊ လေရောဂါများ သတိထားပါ။ မေတ္တာရေးသည်ကား ချိမြိန်သော ချစ်ခြင်းတရားကို ပိုင်ဆိုင်ရမည်။
အကျိုးပေးသော အရောင် – အညိုရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ ပန်းဆီရောင်
မစားသင့်သော အစားအစာ – ဝက်သား၊ လိမ္မော်သီး
ယတြာ – မိမိအိမ်ရှိဘုရားစင်ကို သန့်ရှင်းရေးလုပ်ပါ။

အင်္ဂါ

စက်ပစ္စည်းကောင်းတစ်ခု ဝင်မည်။ လုပ်ငန်းလျှောက်ထားသူများ အလုပ်ရမည်။ ဝန်ထမ်းများ နေရာကောင်းရတတ်သည်။ ရွှေထည်ပစ္စည်းများ ထွက်တတ်သည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ သင်သည်ပြဿနာတစ်ခုကြုံနေလျှင် ယခုကာလတွင် ထိုကိစ္စပြေလည်သွားမည်။ မေတ္တာရေး သည်ကား နေထိပန်းကဲ့သို့ လန်းဆန်းနေမည်။
အကျိုးပေးသော အရောင် – အညိုရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – ပန်းဆီရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ – ဝက်သား၊ ဆီကြော်မုန့်များ
ယတြာ – နဂါးမောက်သီးကို အစိတ်စိတ်ခွဲပြီး ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူး

ဘုရားဖူးခရီးများ သွားရတတ်သည်။ အိပ်မက်ကောင်းများ မက်မည်။ သင်၏အကြုံစည်များ ရှင်သန်ထမြောက်မည်။ ထီ(သို့မဟုတ်) ထီနှင့် အလားတူ ငွေဝင်မည်။ မိတ်ဆွေများကြောင့် အစစအရာရာ အဆင်ပြေပါမည်။ စိတ်သစ် လူသစ်နှင့် ကြည်နူးရမည်။ ခန္ဓာကိုယ်အောက်ပိုင်း နှင့် ပတ်သက်၍ ကျန်းမာရေးဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သောသူကို ပိုင်ဆိုင်ခွင့် ရမည်။
အကျိုးပေးသော အရောင် – လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – ခဲရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ – ချဉ်ပေါင်ရွက်၊ ငါးခြောက်
ယတြာ – ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ဘုရားကပ်လှူပါ။

ကြာသပတေး

အိမ်ဆောက်ခြင်း၊ ပြုပြင်ခြင်းများကောင်းသည်။ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းများရမည်။ ယခုလအတွင်းမြေမဝယ်သင့်ပါ။ သင်တန်းတက်၊ စာမေးပွဲကိစ္စများ အဆင်ပြေ မည်။ ခရီးတစ်ခု သွားရတတ်သည်။ ယခုလအတွင်း ကတိလွယ်လွယ်မပေးပါနှင့်။ မေတ္တာရေး သည်ကား နှစ်ပါးဂဟေဆက်ပေါင်းဖက်ရပါမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ – အုန်းနို့၊ လိမ္မော်သီး
ယတြာ – မုန့်ဟင်းခါးတစ်ချိုင့် ဘုန်းကြီးကျောင်းလှူပါ။

သောကြာ

ခရီးတစ်ခု သွားရမည်။ လူမျိုးကွဲတို့ အကျိုးပေးမည်။ ဘာပဲလုပ်လုပ် လုပ်ငန်းများအောင်မြင် မည်။ အထက်လူကြီးများနှင့် သဘောထားကွဲလွဲတတ်သည်။ ခြံမြေရောင်းချမည့်ကိစ္စများ အဆင်ပြေမည်။ ဖုန်းပျက်ခြင်း၊ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးပျက်စီးတတ်သည်။ မိမိ အိမ်ရှိလူကြီးများ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား ဘယ်လောကဓံကိုမဆို ချစ်သူနှစ်ဦး ကျော်လွှားနိုင်မည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ – အမဲသား၊ ကောက်ညှင်း
ယတြာ – နှင်းဆီအဝါတစ်စည်း မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

စနေ

ထီ(သိုမဟုတ်) ထီနှင့် အလားတူ ငွေဝင်မည်။ လူမျိုးကွဲတို့ ကူညီမစမည်။ တီဗွီ၊ ရေခဲသေတ္တာ များ မဝယ်ပါနှင့်။ သင်တန်းတက်ခြင်းကိစ္စများ အဆင်ပြေမည်။ ရွှေထည်ပစ္စည်းများ ဝင်မည်။ ပညာရေးကိစ္စများ စိတ်တိုင်းမကျသေးပါ။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား အချစ်သည်သင့်အတွက် ခွန်အားတစ်ခုဖြစ်ပါလိမ့်မည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
မစားသင့်သော အစားအစာ – ဆိတ်သား၊ သင်္ဘောသီး
ယတြာ – ငါး ၁၀ ကောင်ကို ဘေးမဲ့လွှတ်ပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ