တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ဖြန့်ဝေတော့မည်

0
388
Dawei Watch, Dawei News, Dawei News Media

၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲအောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ဖြန့်ဝေတော့မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ရန်ကုန်မှ သယ်ယူလာသော တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများမှာ မြို့နယ် ပညာရေးမှူးရုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး လျှောက်လွှာများစိစစ်ပြီးပါက သက်ဆိုင်ရာကျောင်းများသို့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးကြည်ရှိန် က ပြောသည်။

“၁၀ တန်းရှိတဲ့ အထက်တန်း ကျောင်းတွေကို ကျောင်းအုပ်ကြီးကနေပြီးမှ သူတို့စာထွက်ထားတဲ့အချိန်မှာ ဘယ်အချိန်ဝေဆိုတာနဲ့ ကျောင်းအုပ်ကြီး ကိုယ်တိုင်ကနေပြီးတော့ အမှားအယွင်းမရှိအောင် သူတို့ဖောင်ကို ဖြန့်ပေးရမယ်” ဟု ဦးကြည်ရှိန်က ဆိုသည်။

ကျောင်းသားများလက်ဝယ်သို့ ဖြန့်ဝေပေးရမည့်ရက်ကို ထပ်မံကြေညာ ပေးမည်ဖြစ်ပြီး ကျောင်းသားများ လက်ဝယ်သို့ မဖြန့်ဝေမီ သက်ဆိုင်ရာမြို့နယ်နှင့် ကျောင်းများတွင် လျှိူ့ဝှက်လုံခြုံစွာ ထိန်းသိမ်းထားရမည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။

မိုးမြင့်