တစ်ပတ်စာ ဗေဒင် (၂၅- ၁- ၂၀၂၁ မှ ၃၁- ၁-၂၀၂၁ ထိ)

0
494

တနင်္ဂနွေ
လုပ်ငန်းများ အောင်မြင်တိုးတက်မည်။ ဝန်ထမ်းဖြစ်က ရာထူးတိုးမည်။ အလှူအတန်းများ ပြုရတတ်သည်။ ဖြေဆိုထားသည့် စာမေးပွဲများ မုချအောင်မြင်မည်။ လူလိမ်ခံရတတ်သည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်ရတတ်သည်။ ယာဉ်များ ပျောက်ရှတတ်သည်။ မေတ္တာရေး သည်ကား ချစ်သူနှင့် ရာသက်ပန်လက်တွဲရပါမည်။ ။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ သစ္စာပန်းကို ဘုရားပန်းအဖြစ်ကပ်လှူပါ။

တနင်္လာ
ရွှေထည်ပစ္စည်းတစ်ခုခု ဝင်မည်။ လာဘ်လာဘများ ဝင်မည်။ လုပ်ငန်းများ အောင်မြင်အဆင် ပြေမည်။ တီဗွီ၊ ကော်ဇော၊ မွေ့ရာတစ်ခုခုဝင်မည်။ ငွေချေးငှားခြင်း ဂရုစိုက်ပါ။ သင့်အိမ်ရှိ မိခင်၊ အဒေါ် ကျန်းမာရေး ဂရုပြုပါ။ ကျန်းမာရေးနှင့်ပတ်သက်၍ ဝမ်းလျှောခြင်း၊ ဖောရောင်ခြင်း များဖြစ်တတ်သည်။ မေတ္တာရေးသည်ကား လွမ်းငွေ့တဝေဝေနှင့် လွမ်းနေရဦးမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ မီးခိုးရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ အနောက်တောင်အရပ်
ယတြာ ။ ။ ငါးများကို အစာကျွေးပါ။

အင်္ဂါ
ငွေကြေးများစွာ ဝင်မည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်သော ကိစ္စများအဆင်ပြေမည်။ မြေ ဝင်မည်။ စကားအပြောအဆို ဆင်ခြင်ရမည့် ကာလဖြစ်သည်။ လုပ်ငန်းများ အောင်မြင်ပါမည်။ ကျောင်းသား/သူများ ပညာရေးကိစ္စ၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ မီးအန္တရာယ် သတိပြုပါ။ မေတ္တာရေးသည်ကားသင့်အတွက် ချိုမြိန်သောကာလသို့ရောက်နေပါသည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ အနောက်ရပ်
ယတြာ ။ ။ နှင်းဆီအဝါ ၇ ပွင့်ကိုမွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
ကြန့်ကြာနေသော ငွေကြေးများ ယခုကာလပြန်ရမည်။ လူမျိုးကွဲတို့ ကူညီမစမည်။ လုပ်ငန်းများ အောင်မြင်မည်။ ထီကံစမ်းပါ။ ခရီးတစ်ခု သွားရတတ်သည်။ ကြာသပတေး၊ စနေ၊ တနင်္လာ သားသမီးတို့၏ ကူညီမစမှုခံရမည်။ အစာမှား၊ ဆေးမှားဖြစ်တတ်သည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား အချစ်သည် သင်တို့နှစ်ယောက်ကြားမှာ ချိုမြိန်မှု ပေးပါလိမ့်မည်။
အကျိုးပေးသော အရောင် ။ ။ ပြောက်ကျား၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့ရပ်
ယတြာ ။ ။ ကြက်မောက်ယိုဘူးကိုဖွင့်ကာဖန်ခွက်ထဲထည့်၍ မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
လုပ်ငန်းထဲ၌ လုပ်သလောက်မပါဘဲ ဖြစ်နေတတ်သည်။ လာဘ်လာဘများ ဝင်မည်။ ဗုဒ္ဓဟူးနံ ပါသော မြို့များ၊ ရွာများသို့ မသွားသင့်ပါ။ စာမေးပွဲဖြေဆိုမည့်ကိစ္စများ၊ ဖြေဆိုပြီးကိစ္စများ အဆင်ပြေမည်။ လူငယ်များအခွင့်အလမ်းများစွာ ရရှိမည်။ လူတော်လူကောင်းတို့မစမည့် ကိန်းရှိသည်။ မေတ္တာရေးသည်ကား စိုးရိမ်သောကကင်း၍ ပျော်ရွှင်ကြည်နူးရပါမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့မြောက်အရပ်
ယတြာ ။ ။ စပျစ်သီးကို မွေးနေ့၌ ဘုရားကပ်လှူပါ။

သောကြာ
စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ လူငယ်များ အလုပ်လျှောက်ထားသူများ အလုပ်ရ မည်။ မြေရောင်းမည့်ကိစ္စများ အဆင်ပြေမည်။ စိတ်ပင်ပန်းစရာကိစ္စရပ်များ ကြုံရတတ်သည်။ ပညာသင် သင်တန်းတက်ကိစ္စများအဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ်ခွင့်ရဖို့ သေချာသွားပြီဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ ဆီထမင်းကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
ပညာရပ်ဆိုင်ရာသင်တန်းကိစ္စများ အဆင်ပြေမည်။ ဘုရားဖူးခရီး သွားရမည်။ ထီ ကံစမ်းပါ။ ယခုလအတွင်း ကားဝယ်ခြင်း၊ လဲလှယ်ခြင်းများ မပြုပါနှင့်။ စက်ပစ္စည်းများ ဝင်မည်။ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ပတ်သက်၍ ကျန်းမာရေးဂရုစိုက်ပါ။ အလုပ်ကတော့ စိတ်ထင်တိုင်း မဖြစ်သေးပါ။ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းက ရုန်းကန်နေရဦးမည်။ မေတ္တာရေးသည်ကား သင်မျှော်လင့်တောင့်တနေသော အချစ်မျိုးကို ပိုင်ဆိုင်ရမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ ဘုရားတစ်ဆူဆူ၌ ရွှေသင်္ကန်းအတွက် ရည်စူးငွေလှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ် (Geology)
ဝေဒလက္ခဏသုတေသီ