လွှတ်တော်သစ်အတွက် အမျိုးသမီး တပ်မတော်သားကိုယ်စားလှယ်နှစ်ဦး

0
152
Dawei Watch, Dawei News, Dawei News Media

ဖေဖော်ဝါရီလ ၉ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ် တနင်္သာရီ တိုင်းလွှတ်တော်တွင် အမျိုးသမီးတပ်မတော်သား နှစ်ဦး ပါဝင်လာကြောင်း တိုင်းလွှတ်တော်ထံမှ သိရသည်။

လက်ရှိတိုင်းလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ခုနစ် ဦးရှိသည့်အနက် လေးဦးမှာ နေမြဲတိုင်းဖြစ်ပြီး သုံးဦးကို အပြောင်းအလဲပြုလုပ်ထားသည်။

လက်ရှိတိုင်းလွှတ်တော်တွင် ဗိုလ်မှူးကြီးကျော်ဇေယျ၊ ဗိုလ်မူးကြီးအောင်မျိုးမင်း၊ ဗိုလ်မှူးငွေစိုး၊ ဗိုလ်ကြီးကျော်စည်သူတို့ လေးဦး နေမြဲအတိုင်းဖြစ်သည်။ အစားထိုး ကိုယ်စားလှယ်အသစ်သုံးဦးတို့မှာ ဗိုလ်မှူးသီသီမြင့်၊ ဗိုလ်မှူးဟန်ထူးညီ၊ ဗိုလ်ကြီး ထက်သဉ္ဇာအောင် တို့ဖြစ်သည်။

တနင်္သာရီတိုင်းလွှတ်တော်တွင် ရွေးကောက်ခံ အမျိုးသမီးကိုယ်စားလှယ် လေးဦးရှိသည်။ ထိုကြောင့် လွှတ်တော်သစ်တွင် စုစုပေါင်း အမျိုးသမီးကိုယ်စားလှယ် ခြောက်ဦးရှိလာမည်ဖြစ်သည်။