ဂက်စ်အိုးတင်လာသည့်ကား တိမ်းမှောက်၊ တစ်ဦးသေ အိမ်သုံးလုံးမီးလောင်

0
152
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့တွင် ဒီဇင်ဘာလ ၁၅ ရက်က ဂက်စ်အိုးတင်လာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း ပွဲချင်းပြီးသေဆုံးကာ နေအိမ်သုံးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကော့သောင်းမြို့၊ ရွေပြည်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြောကြားသည်။

၁၂ မိုင်ရပ်ကွက်ဘက်မှလာသည့် ဂက်စ်အိုးတင်ဆောင်လာသည့်ကားသည် ရွှေပြည်သာရပ်ကွက်အဝင် မြရည်ပုလဲလမ်းနှင့် သင်္ချိုင်းသွားလမ်းဆုံအရောက်တွင် ဘရိတ်ပေါက်ကာ တိမ်းမှောက် သွားခြင်းဖြစ်ကြောင်း ရွှေပြည်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောသည်။

ကနဦးကားထွက်စဉ်က ယာဉ်မောင်းနှင့် ကားပိုင်ရှင်တစ်ဦးပါလာပြီး ယာဉ်မောင်းမှာ အခြားရပ်ကွက်တစ်ခုတွင် ဆင်းနေခဲ့သဖြင့် ကားပိုင်ရှင် ကိုယ်တိုင် မောင်းလာစဉ် တိမ်းမှောက် သွားခြင်းဖြစ်ကြောင်း ဦးမြင့်အေးက ရှင်းပြသည်။

ကားတိမ်းမှောက်မှုကြောင့် ကားပိုင်ရှင်မှာ ပွဲချင်းပြီး ‌သေဆုံးခဲ့ပြီး ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် အနီးအနားရှိ တစ်ထပ်တိုက် သွပ်မိုး နေအိမ်နှစ်လုံးနှင့် ပျဉ်ထောင်အိမ်တစ်လုံးတို့ မီးလောင်းဆုံးရှုံးခဲ့ရသည်ဟုလည်းဆိုသည်။

“ကျန်တဲ့သူတွေကတော့ ထိခိုက် ဒဏ်ရာရတာမရှိတော့ဘူး” ဟု ဦးမြင့်အေး က ဆိုသည်။

ယင်းမီးလောင်မှုကို ရဲတပ်ဖွဲ့က လူသေမှု အဖြစ်လည်းကောင်း၊ လျှပ်စစ် ဓာတ်တိုင်အချို့ ပျက်စီးမှုရှိသဖြင့် လျှပ်စစ်ဌာနက လည်းကောင်း အမှုဖွင့် မည်ဖြစ်ကြောင်း ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကျော်သူစိုး