တစ်ပတ်စာ ဗေဒင် (၁၈- ၁- ၂၀၂၁ မှ ၂၄- ၁-၂၀၂၁ ထိ)

0
408
Bay-Din

တနင်္ဂနွေ
အိမ်ဆောက်ခြင်း၊ အိမ်ပြုပြင်ခြင်းလုပ်ငန်းများ ကောင်းသည်။ အလုပ်လျှောက်ထားသူ လူငယ်များ အဆင်ပြေမည်။ သင်တန်းကိစ္စများ ဆောင်ရွက်ရတတ်သည်။ ဆွေမျိုးသားချင်းများ သင့်ကို ကူညီမစမည်။ ဖုန်းပျက်ခြင်း၊ ရွှေထွက်ခြင်းများ ဖြစ်တတ်သည်။ ငွေကြေးနှင့်ပတ်သက်၍ ချေးငှားခြင်း ဂရုစိုက်ပါ။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် လက်ထပ်ရမည့်အခါဖြစ်သည်။ ။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ သီလရှင်တို့ကို ငွေလှူပါ။

တနင်္လာ
ခရီးတစ်ခု သွားရမည်။ ကွဲနေသောမိတ်ဆွေကောင်းများနှင့် ပြန်တွေ့ရတတ်သည်။ ရွှေ၊ ယာဉ်၊ ဖုန်းတစ်ခုခု ဝင်မည်။ သို့သော် စက်ပစ္စည်းများ မဝယ်ပါနှင့်။ လုပ်ငန်းများကြီးပွားတိုးတက်အောင်မြင်မည်။ ဖိနပ်ပျက်၊ ထီးပျက်များရှိလျှင် စွန့်ပစ်ပါ။ ငွေကြေးချေးငှားခြင်း ဂရုစိုက်ပါ။ ကျန်းမာရေး ဂရုစိုက်ပါ။ မေတ္တာရေးသည်ကား နှလုံးသားမှာ ဝေဒနာနှင့် အဖော်ပြုနေရသော ကာလမျိုးဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အစိမ်းရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အညိုရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ နှင်းဆီပန်းတစ်စည်းကို ဘုရားပန်းကပ်လှူပါ။

အင်္ဂါ
မော်တော်ကား ဝင်မည်။ ထီ(သို့မဟုတ်) ထီနှင့် အလားတူ ငွေဝင်မည်။ ခရီးတစ်ခု သွားရမည်။ ယခုလအတွင်း တီဗွီမဝယ်ပါနှင့်။ မိတ်ဆွေကောင်းများ၏ ကူညီမစမှုခံရမည်။ လုပ်ငန်းများ အဆင်ပြေမည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား သင့်အတွက်လူစွမ်း၍ နတ်မ စရာမလိုတော့ပါဟု ပြောချင်သည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ အင်္ဂါနေ့နံနက်တွင် စပျစ်သီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး
လက်ပတ်နာရီ ဝင်မည်။ ကြာသပတေး၊ စနေ သားသမီးများ၏ ကူညီမစမှုခံရမည်။ ငွေကြေး များစွာ ဝင်လာမည်။ ဆွေမျိုးသားချင်းများနှင့်ပတ်သက်၍ စိတ်မချမ်းမြေ့စရာသတင်းပေါ်တတ်သည်။ အလုပ်အကိုင်နှင့်ပတ်သက်၍ စိတ်တိုင်းမကျဖြစ်ရတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား သင်တို့နှစ်ယောက်ကြားက စည်းချက်ညီသော ရင်ခုန်သံများ က သင်တို့နှစ်ယောက်သံယောဇဉ်ကို ခိုင်မြဲစေလိမ့်မည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ရွှေရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ မြောက်အရပ်
ယတြာ ။ ။ လိမ္မော်သီးကို အခွံနွှာပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
စီးပွား လာဘ်လာဘများတိုးပွားမည့်ကာလ ဖြစ်သည်။ မြေ ဝင်မည်။ နာရီဝင်မည်။ ယခုလ အတွင်း ယာဉ်မဝယ်ပါနှင့်။ မိမိအိမ်ရှိ အသက်ကြီးသူများ ကျန်းမာရေးဂရုပြုပါ။ အိမ်မြေ ရောင်းမည့် ကိစ္စများ အဆင်ပြေမည်။ ငွေချေးငှားခြင်း ဂရုစိုက်ပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးတကျက်ကျက်ဝေးတသသဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့မြောက်အရပ်
ယတြာ ။ ။ ဆီထမင်းကိုမွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
ဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းသည်။ မိတ်ဆွေများ အကျိုးပေးသည့်ကာလဖြစ်သည်။ ဘာပဲလုပ်လုပ် လုပ်ငန်များအဆင်ပြေမည်။ ယာဉ်ဝင်မည်။ ခရီးသွားနေသူများရှိလျှင် ပြန်ရောက်လာမည်။ ခါးနာခြင်း၊ မျက်စိနာခြင်းများဖြစ်တတ်သည်။ ငွေကြေးနှင့်ပတ်သက်၍ ခက်ခဲကြန့်ကြာမှုများဖြစ်နေတတ်သည်။ မြေရောင်းမည့်ကိစ္စများအဆင်ပြေမည်။ မေတ္တာရေး သည်ကား ချစ်သူနှင့် လက်ထပ်မင်္ဂလာပြုရပါမည်။
အကျိုးပေးသော အရောင် ။ ။ အစိမ်းရောင်၊ ဇီးရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ခဲရောင်
မသွားသင့်သော အရပ် ။ ။ အနောက်တောင်အရပ်
ယတြာ ။ ။ စံပယ်ပန်းကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

စနေ
သင်ဘာအခက်အခဲကြုံနေနေ ကူညီမည့်သူများပေါ်လာမည့်ကာလဖြစ်သည်။ မြေဝင်မည်။ ပန်ကာ၊ တီဗွီ စသောစက်ပစ္စည်းများဝင်မည်။ ငွေကြေးများစွာ ဝင်လာမည်။ ခရီးတစ်ခု သွားရမည်။ လုပ်ငန်းထဲ၌ စိတ်ပင်ပန်းရတတ်သည်။ ကျန်းမာရေးဂရုပြုရမည်။ မေတ္တာရေးသည်ကား စွယ်တော်ရွက်ပမာနှစ်ကိုယ်တစ်စိတ်ဖြစ်မည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ပန်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ နှင်းဆီအဝါတစ်စည်းကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ