မွန်ပြည်နယ်အတွင်းရှိ ဈေးအားလုံး ပြန်ဖွင့်ခွင့်ပြု

0
616
မြိုင်ရတနာဈေး

မွန်ပြည်နယ်အတွင်းရှိ ဈေးများ အားလုံးကို ကိုဗစ်စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ဇန်နဝါရီလ ၇ ရက်နေ့ မှ စပြီး ပြန်လည်ရောင်းချခွင့်ပြုလိုက် ပြီဖြစ်သည်။

ကိုဗစ်ကူးစက်ရောဂါကြောင့် အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချ သည့်ဆိုင်မှလွဲ၍ ပြည်နယ်အတွင်းရှိ ဈေးများအားလုံးကို ရောင်းချခွင့် ပိတ်ထားခဲ့ရာမှ ပြည်နယ်အစိုး၏ ခွင့်ပြု ချက်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုလိုက် ခြင်းဖြစ်သည်။

ဈေးများတွင် ဈေးရောင်းသူ ဝယ်သူများ နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ထားရန်၊ ခပ်ခွာခွာနေကြရန်နှင့် လက်ဆေးရည် Hand Gel ဆောင်ထားရန် စသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချရမည်ဖြစ်ပြီး မလိုက်နာပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူသွား မည်ဟု ပြည်နယ်စည်ပင်သာယာရေး အဖွဲ့က ပြောသည်။

“စည်းကမ်းမလိုက်နာရင် ဒဏ်ငွေ တွေ ဘာတွေ မရိုက်တော့ဘူး။ ဆိုင်ပဲ ပိတ်ခိုင်းမယ်” ဟု ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။

စည်းကမ်းသတ်မှတ်ချက်များ မလိုက်နာလျှင် ပထမအကြိမ်တွင် ဆိုင်ခန်း ၁၀ ရက်ပိတ်ခြင်း၊ ဒုတိယအကြိမ် ဆိုင်ခန်း တစ်လပိတ်ခြင်း၊ တတိယအကြိမ် စည်းကမ်းဖောက်ဖျက်ပါက ဆိုင်ခန်း ပိတ်သိမ်းသည်အထိ အရေးယူခံရမည်ဖြစ် သည်ဟု စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“ဆိုင်ပိတ်ထားရတာ ခြောက်လ ခုနစ်လလောက်ရှိပြီ။ ကြားမှာ အတော်လေးကို အခက်အခဲဖြစ်တယ်။ ကိုယ့်အလုပ်က ဈေးရောင်းတာပဲ။ လပေါင်းများစွာ ဈေးမရောင်းရတော့ အားလုံးက ခက်ခဲ ကုန်ရော။ တော်သေးလို့ အခု ဈေးပြန်ဖွင့်ပေးတာ မဟုတ်ရင် မလွယ်တော့ဘူး” ဟု မော်လမြိုင်အမှတ်(၁) ဈေးတွင် အထည်ရောင်းနေသည့် ဒေါ်ဝင်းက ပြောသည်။

ဈေးရောင်းသူ ဝယ်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များကို ဈေးအတွင်း လိုက်လံကပ်ထားမည်ဖြစ်သည့်အပြင် သတိပေးမှုများလည်း လုပ်ဆောင်သွားမည်ဟု ဈေးကော်မတီတို့ထံမှ သိရ သည်။

မွန်ပြည်နယ်တွင် ဇန်နဝါရီ ပထမ အပတ်အထိ ကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျသွားခြင်းမရှိသေးသော်လည်း အိမ်တွင်သာနေရ (stay at home) သတ်မှတ်ထားသည့် မြို့နယ်တို့ကို ပယ်ဖျက်လိုက်ခြင်း၊ အခြားတိုင်းနှင့် ပြည်နယ်တို့မှ လာသူများကို ပြည်နယ်အတွင်း ဝင်ခွင့်ပြုလာခြင်း၊ ဈေးများပြန် ဖွင့်ခွင့်ပြုခြင်း စသည့် ကိုဗစ်ဆိုင်ရာကန့် သတ်ချက်အချို့ ဖြေလျှော့လာခဲ့သည်။