သရက်ချောင်းမြိုနယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ခြောက်ရုံး ဆောက်မည်

0
161
Dawei Watch, Dawei News, Dawei News Media

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် သရက်ချောင်းမြိုနယ်၌ ရပ်ကွက်/ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအသစ် ခြောက်ရုံး တည်ဆောက်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

လက်ရှိအသုံးပြုနေသည့် ကျေးရွာ အုပ်စု/အုပ်ချုပ်ရေးမှူးရုံးများမှာ ယိုယွင်း ပျက်စီးနေပြီဖြစ်သဖြင့် အသစ်ဆောက် လုပ်ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့ နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း က ပြောသည်။

“လုပ်ငန်းမစသေးဘူး။ တင်ဒါ ခေါ်တာတွေဘာတွေ လုပ်ထားပြီးပြီ” ဟု ဦးသန်းထွန်းက ဆိုသည်။

အသစ်ပြန်ဆောက်ရန် တင်ပြထားသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံးအသစ် ၁၉ ရုံး ရှိပြီး လက်ရှိ ဆောက်လုပ်ခွင့်ပြုသည့် ခြောက်ရုံးကို ဦးစားပေးထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး တစ်ရုံးလျှင် ကျပ် ၁၅၆ သိန်း ကုန်ကျခံတည်ဆောက်မည်ဖြစ်သည်ဟု ဆိုသည်။

သရက်ချောင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၄၄ အုပ်စုရှိသည်။

မိုးမြင့်