သမုတ်-လွတ်လွတ် မြစ်ကူးတံတားဖွင့်ပြီးနောက် သစ်ယာဝကမ်းခြေသို့ လည်ပတ်မှုပိုများ

0
432
Dawei Watch, Dawei News, Dawei News Media

ပြည်ထောင်စုကားလမ်းမပေါ်ရှိ မြိတ်မြို့နယ် သမုတ်နှင့် လွတ်လွတ်ရွာသို့ ဆက်သွယ်ထားသည့် သမုတ်-လွတ်လွတ်မြစ်ကူးတံအား ဖွင့်ပြီးနောက် သစ်ယာဝကမ်းခြေသို့ လည်ပတ်မှုပိုများ လာကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က သမုတ်-လွတ်လွတ်မြစ်ကူး တံတားဖွင့်ပွဲပြုလုပ်ခဲ့သည်။

“ရုံးပိတ်ရက်မှာ လူတွေလာတာများတယ်” ဟု သစ်ယာဝကျေးရွာနေ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းကမ်းခြေမှာ သစ်ယာဝ ကျေးရွာအုပ်စု ပနာတောင်ရွာတွင်ရှိသည်။

သစ်ယာဝကမ်းခြေအား သမုတ်-လွတ်လွတ်မြစ်ကူးတံတားမှ ကျော်ဖြတ် သွားလာရကာ မြိတ်မှ ကမ်းခြေသို့ ၂၆ မိုင်ခန့်ကွာဝေးကြောင်း သိရသည်။

ကိုဗစ်နိုင်တီးကူးစက်ရောဂါဖြစ်ပေါ်သည့် ကာလတွင် မြို့ပေါ်နေသူတို့မှာ စိတ်အပန်းဖြေရာနေရာအဖြစ် မြို့အဝင် ကျောက်ဖျာကျေးရွာရှိ ခရုပုံပါ ပန်းခြံနှင့် ရန်ကင်းတောင်ဘုရား၊ သမုတ်-လွတ် လွတ်မြစ်ကူးတံတားပေါ်၊ တနင်္သာရီမြို့ရှိ တိမ်ပင်လယ်၊ ရေတံခွန်များ၊ ကြဲကျေး ရွာရှိ ကြဲချောင်း၊ ပုလောမြို့ရှိ ဖိုးရှမ်းကမ်းခြေတို့သို့ လည်ပတ်မှု ပိုများလာသည်။

မြင့်မိုရ်(မြိတ်)