မြိတ်တွင် တစ်ရက်တည်း မီးနှစ်နေရာလောင်

0
297
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့တွင် ဇန်နဝါရီလ ၃ ရက်နေ့ တစ်ရက်တည်းတွင် မီးလောင်မှု နှစ်ကြိမ်ဖြစ်ခဲ့ကြောင်း မြိတ်ခရိုင် မီးသတ် ဦးစီးဌာနထံမှ သိရသည်။

မြိတ်မြို့ ကျွဲကူးကျေးရွာ ကျွဲကူး ကျောင်းတိုက် ဓမ္မာရုံစတိုခန်းရှိ လျှပ်စစ်မီး ပလပ်ခုံ အပူလွန်ကဲပြီး ကျလာသည့် မီးပွားတို့မှာ ခေါင်းအုံးနှင့် မွေ့ရာများကို ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

ကျွဲကူးကျေးရွာတောင်ပေါ်ရှိ ကျွဲကူး ကျောင်းတိုက်အား မီးငြိမ်းသတ်ခဲ့ရာ စတင်လောင်ကျွမ်းသည့် အချိန်မှစပြီး တစ်နာရီ နီးပါးခန့်အကြာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မီးလောင်မှုကြောင့် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ၊ အုတ်တိုက် တစ်ထပ်၊ ဓမ္မာရုံ တစ်ဆောင်နှင့် ဆရာတော်‌နေ အဆောင် အပေါ်ထပ်တို့ မီးလောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန ထံမှ သိရသည်။

ထိုနည်းတူ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ဆယ်နာရီခွဲအချိန်ခန့်တွင် မြိတ်မြို့ သမုတ်ကျေးရွာအုပ်စု မော်စုန်းရပ်ရှိ နေအိမ်တစ်ဆောင်ရှိ မီးဖိုမီးမှတစ်ဆင့် အနီးရှိပစ္စည်းများအား ကူးစက်ရာမှ မီးလောင်မှုဖြစ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် မီးဖိုခန်းရှိ ဓနိ မိုးများနှင့် ပျဉ်ကာများ မီးလောင်ကျွမ်းခဲ့သည်။