တစ်ပတ်စာ ဗေဒင် (၁၁- ၁- ၂၀၂၁ မှ ၁၇- ၁-၂၀၂၁ ထိ)

0
638

တနင်္ဂနွေ
ဆုံးရှုံးမည်ထင်သော ငွေကြေးများပြန်ရမည်။ လုပ်ငန်းများ အောင်မြင်မည်။ ကားရောင်းမည့် ကိစ္စများ အဆင်ပြေမည်။ ဘုရားဖူးခရီးများ သွားရတတ်သည်။ မိတ်ဆွေအချင်းချင်းအထင်မှား အမြင်မှား ဖြစ်တတ်သည်။ ကျန်းမာရေး စိုးရိမ်စရာမရှိပါ။ ယခုလအတွင်း မြေမဝယ်ပါနှင့်။ မေတ္တာရေးသည်ကား ထာဝရမခွဲ လက်တွဲသွားရပါမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ ပန်းဆီရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၁၊ ၂၊ ၇၊ ဝ ပါသော ဂဏန်းများ
ယတြာ ။ ။ ဖရဲသီးကို အစိတ်စိတ်ပြု၍ ကြာသပတေးနေ့၌ ဘုရား ဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
တယ်လီဖုန်း ဝင်မည်။ စီးပွားရေးလုပ်ငန်းများ ကံပွင့်လာဘ်ပွင့် ဖြစ်လာမည်။ ခရီးတစ်ခု သွားရ မည်။ အိမ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ မတော်တဆထိခိုက်မှု ဖြစ်တတ်သည်။ မြေရောင်းမည့်ကိစ္စများ အဆင်ပြေမည်။ မေတ္တာရေး သည်ကား အချစ်သည် ချိုတစ်လှည့် ခါးတစ်လှည့် ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဝါရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အနက်ရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ဝ၊ ၇၊ ၅ ပါသော ဂဏန်းများ
ယတြာ ။ ။ စပျစ်သီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
ငွေကြေးများစွာ ဝင်လာမည်။ သင်ကြံစည်သမျှ အောင်မြင်မည်။ အလုပ်အကိုင်အဆင်ပြေခြင်း၊ ရာထူးတိုးခြင်းများ ကြုံရတတ်သည်။ အစာမှား ဆေးမှားဖြစ်တတ်သည်။ မြေရောင်းခြင်း၊ အမွေအနှစ်ရခြင်းများ ဖြစ်တတ်သည်။ ပညာရေးကိစ္စများ အဆင်ပြေမည်။ မတော်တဆဆေးရုံ ဆေးခန်းတက်ရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် လက်ထပ်မင်္ဂလာပြုရပါမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ကြက်သွေးရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၃၊ ၂၊ ဝ၊ ၅ ပါသောဂဏန်းများ
ယတြာ ။ ။ ကဏန်းများကို မွေးနေ့၌ ဘေးမဲ့လွှတ်ပါ။

ဗုဒ္ဓဟူး
စာမေးပွဲ၊ အင်တာဗျူးများ ဖြေစရာရှိပါက ထိုကိစ္စအဆင်ပြေမည်။ နိုင်ငံရပ်ခြား သို့မဟုတ် လူမျိုးကွဲတို့ ကူညီမစမှုခံရမည်။ သင်လုပ်ထားသော လုပ်ငန်းများမှာ အကျိုးအမြတ်များစွာရမည်၊ မေတ္တာရေးသည်ကား အချစ်စစ်အချစ်မှန်နှင့် လက်တွဲခွင့်ရမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ ခဲရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၅၊ ၁၊ ဝ ၊ ၉ ပါသော ဂဏန်းများ
ယတြာ ။ ။ လိပ်များကို အစာကျွေးပါ။

ကြာသပတေး
ဗုဒ္ဓဟူးသားသမီးများ၏ ကူညီမစမှုခံရမည်။ လုပ်ငန်းနှင့်ပတ်သက်၍ ခရီးသွားရခြင်း၊ နေရာပြောင်းရွှေ့ရခြင်းဖြစ်တတ်သည်။ ဘာပဲလုပ်လုပ် အကျိုးအမြတ်များရမည်။ ငွေချေးငှားခြင်း ဂရုစိုက်ပါ။ ပညာရေးကိစ္စနှင့်ပတ်သက်၍ အခွင့်အလမ်းကောင်းများရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ရှေ့ခရီးလမ်းကသာယာပါမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ဝ၊ ၅၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ သီလရှင်များကို မွေးနေ့၌ ငွေကြေးလှူဒါန်းပါ။

သောကြာ
သိုက်ပေးသည့်အလား ပြည့်စုံအဆင်ပြေမည်။ လုပ်ငန်းစီးပွားများတိုးတက်မည်။ သင့်အခက်အခဲ ကို ကူညီမည့်သူများ ရှိနေမည်။ ဖုန်း ပျက်တတ်သည်။ လူတိုင်းကို မယုံပါနှင့်။ ကျန်းမာရေး မကောင်းသူများ ကျန်းမာအဆင်ပြေမည်။ မေတ္တာရေးသည်ကား သင့်အတွက် ချိုမြိန်မှုတွေသာ ကြုံရမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၁၊ ၄ ပါသော ဂဏန်းများ
ယတြာ ။ ။ ဗောဓိညောင်ပင်အား မွေးနေ့ သက်စေ့ရေလောင်းလှူပါ။

စနေ
ဆွေမျိုးသားချင်းများ၏ကူညီမစမှုခံရမည်။ မြေ ဝင်မည်။ ဘာသာရေးကိစ္စများဆောင်ရွက်ရတတ်သည်။ ထီ သို့မဟုတ် ထီနှင့်အလားတူငွေဝင်မည်။ စီးပွားတိုး၍ အိုကေစိုပြည်နေမည့် ကာလဖြစ်သည်။ ဒူးနာ၊ ခါးနာများ ဖြစ်တတ်သည်။ မိတ်ဆွေပျက်ခြင်း၊ သားသမီးနှင့်ပတ်သက်၍ စိတ်ပူရခြင်းများဖြစ်တတ်သည်။
အကျိုးပေးသော အရောင် ။ ။ ငွေရောင်၊ ရွှေရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ဇီးရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၂၊ ၁၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ လိမ္မော်သီးလေးလုံးကို အခွံနွှာ၍ ဘုရားဆွမ်းတော်ကပ်ပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ