ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်ပြောဆိုသည်ဟုဆိုကာ တရားစွဲ

0
199
Dawei Watch, Dawei News, Dawei News Media

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်ပြောဆိုသည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို တရားစွဲဆိုထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

ဒေါ်အောင်ဆန်းစုကြည်အား လူအများအကြည်ညိုပျက်စေရန် ပုတ်ခတ် ပြောသည်ဟုဆိုကာ ကျွန်းစုမြို့နယ်၊ မောင်းလှော် ကျေးရွာအုပ်စုနေ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးကို NLD ပါတီရပ်ကျေးအတွင်းရေးမှူးက တရားရုံးတွင် ဦးတိုင်လျှောက်ထားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် အဆိုပါကျေးရွာနေ အမျိုးသမီး သုံးဦးက လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် အထက်ပါအမျိုးသမီး ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်စော်ကား ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ မည်သည့် အကြောင်းအရာနှင့် ပတ်သက်၍ မည်သို့ ပုတ်ခတ်ပြောဆိုသည်ကိုမူ ရဲမှတ်တမ်းတွင် ဖော်ပြထားခြင်း မရှိပေ။

ထိုအမျိုးသမီးသုံးဦးမှ ဦးတိုက် လျှောက်သူ ရပ်ကျေးအတွင်းရေးမှူးထံ ပြန်လည်ပြောပြသဖြင့် ကျွန်းစုမြို့နယ် တရားရုံးထံ ဦးတိုက်လျှောက်ထားခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဦးတိုက်လျှောက်ထားမှုအပေါ် မြို့ နယ်တရားရုံးက အမှုကို (၂၇၆/၂၀၂၀) ဖြင့် လက်ခံစစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။