မြိတ်တွင် ကိုဗစ်ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူ ခြောက်ဦးတွင် ပိုးတွေ့

0
212

မြိတ်မြို့ မြိတ်တောင်နယ်မြေ ရွှေလိပ်ပြာလမ်းနေ ကိုဗစ်ပိုးတွေ့သည့် အမျိုးသမီးနှင့် ထိတွေ့ဆက်စပ်သူ ခြောက်ဦးတို့တွင် ဇန်နဝါရီလ ၁ ရက်နေ့က ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့ အမျိုးသမီး နေထိုင်သည့် လမ်းအား အသွားအလာ ကန့်သတ်ထားပြီး ပိုးတွေ့ အမျိုးသမီးနှင့် ထိတွေ့သူ အမျိုးသားသုံးဦးနှင့် အမျိုး သမီးငါးဦးတို့တွင် ဒီဇင်ဘာလ ၂၅ ရက် နေ့က ကိုဗစ်ပိုးတွေ့ရှိထားပြီးဖြစ် သည်။

မြိတ်တွင် ဇန်နဝါရီလ ၁ ရက်နေ့ က ကိုဗစ်ပိုးတွေ့သူ ၁၆ ဦးရှိခဲ့ကြောင်း မြိတ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

အဆိုပါ ၁၆ ဦးတို့မှာ မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန်အတွင်းရှိ အိုးအိမ်ဌာန ကွာရန်တင်းစင်တာရှိ ရန်ကုန် မှ နေရပ်ပြန်သူ ဆယ်ဦးနှင့် ရွှေလိပ်ပြာ လမ်းနှင့် ဆက်စပ်သူ ၆ ဦးတို့ဖြစ်ကြကြောင်း မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ မြိတ်တွင် ကိုဗစ်လူနာ ၃၂၂ ဦး၊ ဆေးရုံဆင်းသူ ၂၈၃ ဦးနှင့် သေဆုံးသူ ၃ ဦးရှိသည်။ ပိုးတွေ့လူနာများအား မြိတ်ပြည်သူ့‌ဆေးရုံကြီးနှင့် ဇီဝိတစက္ခဒါနစင်တာ(ကိုဗစ်ကုသရေးစင်တာ)တို့တွင် ဆေးဝါး ကုသပေးလျက်ရှိကြောင်း မြိတ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

မြင့်မိုရ်(မြိတ်)