တစ်ပတ်စာ ဗေဒင် (၄- ၁- ၂၀၂၁ မှ ၁၀- ၁-၂၀၂၁ ထိ)

0
765
Bay-Din

တနင်္ဂနွေ
ယခုလအတွင်း မြေ မဝယ်ပါနှင့်။ လုပ်ငန်းများ တိုးတက်အောင်မြင်မည်။ ခရီးတစ်ခု သွားရမည်။ တီဗွီ၊ ရေခဲသေတ္တာ၊ အလှကုန်ပစ္စည်း တစ်ခုခုဝင်မည်။ ငွေကြေးများစွာ မထင်မှတ်ပဲဝင်လာမည်။ သင့်အိမ်ရှိမိခင်၊ အဒေါ် ကျန်းမာရေးဂရုပြုပါ။ သင်တန်းတက်ခြင်း၊ ပညာသင်ခြင်းကိစ္စများ ဖြစ်ထွန်းမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ အဆုတ် ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား အသွင်တူ၍ အိမ်သူဖြစ်ရမည့် ကာလဖြစ်သည်။ ။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ ခဲရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ ခရမ်းရောင်
မစားသင့်သော အစားအစာ ။ ။ ဘဲသား၊ ပြောင်းဖူး
ယတြာ ။ ။ သစ္စာပန်းကို သောကြာနေ့၌ ဘုရားပန်းကပ်လှူပါ။

တနင်္လာ
ရွှေ ဝင်မည်။ သားသမီးရတနာများ ရမည်။ စပ်တူရှယ်ယာများ အဆင်ပြေမည်။ သင့်အိမ်ရှိ နာရီများပျက်နေလျှင် စွန့်ပစ်ပါ။ ငွေကြေးကတော့ မမြဲသေးသောကာလ ဖြစ်သည်။ သင့်အိမ်ရှိ မိခင်၊ အဒေါ် ကျန်းမာရေး ဂရုစိုက်ပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိကြားမှာ အသေးအဖွဲ ကိစ္စများကို ပုံကြီးချဲ့၍ စကားများတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ ။ ။ ဆီကြော်မုန့်၊ သရက်သီးသုပ်
ယတြာ ။ ။ သဇင်ပန်းကို ဘုရားပန်းကပ်လှူပါ။

အင်္ဂါ
တီဗွီ၊ သေတ္တာများ ယခုကာလ၌ မဝယ်ပါနှင့်။ ခရီးတစ်ခု သွားရတတ်သည်။ ငွေကြေးများစွာ ဝင်လာမည်။ ဘာသာရေး၊ လူမှုရေးကိစ္စများ ဆောင်ရွက်နေရတတ်သည်။ လူငယ်များအလုပ် အကိုင်များ ရရှိမည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နှစ်ပါးဂဟေဆက်ပေါင်းဖက်ရပါမည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ ပြောက်ကျား
မစားသင့်သော အစားအစာ ။ ။ စမူဆာ၊ ဝက်သား
ယတြာ ။ ။ နှင်းဆီအဝါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
မြေ ဝင်မည်။ အဓိဋ္ဌာန်ပြုက ထူးထူးခြားခြား အောင်မြင်မည်။ ယခုလအတွင်း ယာဉ်ဝယ်ခြင်း၊ ရောင်းခြင်း မလုပ်ပါနှင့်။ စီးပွားလာဘ်လာဘများ တိုးမည်။ ခရီးတစ်ခု သွားရမည်။ လူမျိုးကွဲတို့ ကူညီမစမှုခံရမည်။ သင့်အိမ်ရှိ ဘုရားခန်းတစ်ခုခုတွင်ချို့ယွင်းချက်ရှိပါက ချက်ခြင်းပြန်ပြင်ပါ။ မေတ္တာရေးသည်ကား ချစ်သူနှစ်ဦးကြည်နူးချမ်းမြေ့သာယာပါမည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အဝါရောင်
မစားသင့်သော အစားအစာ ။ ။ ငါးချဉ်၊ ဆီထမင်း
ယတြာ ။ ။ ဂန္ဓမာအဖြူ ၁၅ ပွင့်ကို မွေးနေ့၌ ဘုရားပန်း ကပ်လှူပါ။

ကြာသပတေး
ပြဿနာတစ်ခုကြုံနေရလျှင် မကြာမီထိုကိစ္စ ပြေလည်သွားမည်။ ပစ္စည်းဥစ္စာများ ဝင်မည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်ရတတ်သည်။ လူငယ်များ လမ်းလျောက်ရင်း လမ်းပျောက်နေ တတ်သည်။ စနေသားသမီးများ သင့်ကိုကူညီမစမည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေး သည်ကား သင်၏ဆန္ဒများယခုအချိန်မှာ အိမ်မက်မျှသာဖြစ်နေဦးမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
မစားသင့်သော အစားအစာ ။ ။ အုန်းနို့၊ ဝက်သား
ယတြာ ။ ။ သာကူမုန့်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
ငွေကြေးနှင့် ပတ်သက်၍ မချေးငှားသင့်သောကာလ ဖြစ်သည်။ စပ်ပစ္စည်းတစ်ခု ဝင်မည်။ ရပ်ဝေးဧည့်သည်များ လာတတ်သည်။ သင်လုပ်ငန်းတစ်ခုစတင်လျှင် ယခုအချိန်အကောင်းဆုံး ဖြစ်သည်။ ပညာရေးကိစ္စများ အေးစက်စက်ဖြစ်နေတတ်သည်။ ကျန်းမာရေး စိတ်ပူစရာမရှိပါ။ မေတ္တာရေးသည်ကား မင်္ဂလာအပေါင်းခညောင်းမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဝါရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ ခဲပုပ်ရောင်
မစားသင့်သော အစားအစာ ။ ။ ဇီးသီး၊ ငါးချဉ်
ယတြာ ။ ။ သီလရှင်တို့ကို ငွေကြေးလှူဒါန်းပါ။

စနေ
သင့်ကံကြမ္မာ အပြောင်းအလဲဖြစ်တတ်သော ကာလဖြစ်သည်။ နေရာဌာန ပြောင်းရွှေ့ရတတ် သည်။ ငွေကြေးများစွာ ဝင်လာမည်။ သင်လိုချင်သော အခြေအနေကောင်းများ ပိုင်ဆိုင်ရ မည်။ မြေကိစ္စ၊ အမွေကိစ္စများ စကားပြောရတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေး သည်ကား လူပျိုကြီး အပျိုကြီးများ ဧကန်စွံမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ ။ ။ ဆိတ်သား၊ သံပုရာရည်
ယတြာ ။ ။ ရွှေချည်ထိုးမုန့်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ